သုံးစွဲရန်မသင့်သောဆေးပစ္စည်းများကိုအများပြည်သူသိရှိရန်အသိပေးကြေညာချက်
၁။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် အရည်အသွေးစစ်မှန်ကောင်းမွန်၍ ကျန်းမာရေးအတွက်ဘေးအန္တရာယ်ကင်းရှင်းသောဆေးပစ္စည်းများကိုအများပြည်သူတို့သုံးစွဲနိုင်ရန် စနစ်တကျ ကွပ်ကဲလျက် ရှိပါသည်။
၂။ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနသည် ပြည်တွင်းဈေးကွက်များ၌ ရောင်းချနေသော ဆေးပစ္စည်းများကိုဝယ်ယူ၍ (Post Market Survellience) ဓါတ်ခွဲစမ်းသပ်စစ်ဆေးခဲ့ရာ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ တင်သွင်းထောက်ခံချက်လက်မှတ် ရရှိထားသော အောက်ဖော်ပြပါ ဆေးပစ္စည်း(၁)မျိုးသသည် ဓာတ်ခွဲစစ်ဆေးမှု သတ်မှတ်ချက်များနှင့် ကိုက်ညီမှုမရှိကြောင်း စစ်ဆေးတွေ့ရှိရပါသည်။
စဉ် | ဆေးပစ္စည်းအမည် | ထုတ်လုပ်သည့်ကုမ္မဏီ | တွေ့ရှိချက် |
---|---|---|---|
၁ | IV Cannual with injection Valve With Wings, size-20G (PLUSFLON Brand) (Lot-61134/485) |
Mediplus (India) Limited, INDIA |
Aerobic & Anacerobic Bacteria (+) |
၂ | IV Cannula with Injection Valve With Wings, Size-20G (PLUSFLON Brand) (Lot-70524/191) |
Mediplus (India) Limited, INDIA |
Aerobic Bacteria(+) |
၃။ အဆိုပါ ဓာတ်ခွဲစစ်ဆေးမှု သတ်မှတ်ချက်များနှင့် ကိုက်ညီမှုမရှိသော IV Cannula အားသုံးစွဲမိပါက လူနာများတွင်အပ်ထိုးသောနေရာ၌ပိုးဝင်နိုင်ခြင်း (Cannula site infection), သွေးပြန်ကြောယောင်ယမ်းခြင်း (Thrombophlebitis) များ ဖြစ်နိုုင်ပါသည်။
၄။ သို့ဖြစ်၍ PLUSFLON ဆေးပစ္စည်းတင်သွင်းခွင့်ထောက်ခံချက် လက်မှတ်မူရင်း (၁)ခုကို အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီး ဌာနမှ ပြန်လည်သိမ်းစည်းပြီးဖြစ်ကြောင်း အသိပေးအပ်ပါသည်။
၅။ ဆေးပစ္စည်းတင်သွင်း၊ ဖြန့်ဖြူး ရောင်းချသည့်ကုမ္မဏီနှင့် လက်လီလက်ကားဆိုင်များသည် အများပြည်သူသုံးစွဲရန်မသင့်ကြောင်းကြေညာထားသည့် အထက်ဖော်ပြပါ ဆေးပစ္စည်းများအားတင်သွင်း၊ ဖြန့်ဖြူး ရောင်းချခြင်းများကိုကျင့်ဝတ်(Ethic)အရ လုံးဝမပြုလုပ်ရန်နှင့် လိုက်နာဆောင်ရွကါခြင်းမရှိပါက သက်ဆိုင်ရာအာဏာပိုင် အဖွဲ့အစည်းက အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။