တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ရှန်ဟိုင်းမြို့တွင်ကျင်းပပြုလုပ်သည့် ရပ်ဝန်းနှင့်ပိုးလမ်းမနိုင်ငံများ၏ ပို့ကုန်/ သွင်းကုန်အစားအစာလုံခြုံရေးပူးပေါင်းဆောင်ရွက်မှုနည်းလမ်းဆိုင်ရာညီလာခံသို့ တက်ရောက်ခြင်း

နေပြည်တော်၊ အောက်တိုဘာ ၂၁

ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာအေးထွန်းနှင့် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲ ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာရဲမြင့်ပါဝင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ရှန်ဟိုင်းမြို့တွင် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်နေ့မှ အောက်တိုဘာလ ၁၆ ရက်နေ့ထိ ကျင်းပသည့် ရပ်ဝန်းနှင့်ပိုးလမ်းမနိုင်ငံများ၏ ပို့ကုန်/သွင်းကုန် အစားအစာလုံခြုံရေးပူးပေါင်းဆောင်ရွက်မှုနည်းလမ်းဆိုင်ရာညီလာခံ (The 2nd Conference of the Imp. & Exp. Food Safety Cooperation Mechanism of the Belt and Road Initiative) သို့ တက်ရောက်ခဲ့ပြီး (၁၅-၁၀-၂၀၂၅)ရက်နေ့၌ ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာရဲမြင့်မှ မြန်မာနိုင်ငံသည် လယ်ယာထွက်ကုန်နှင့် ငါးမျိုးစုံထုတ်ကုန်များ ထုတ်လုပ်တင်ပို့လျက်ရှိပြီး ရပ်ဝန်း နှင့်ပိုးလမ်းမနိုင်ငံများ၏ ပို့ကုန်/သွင်းကုန်အစားအစာ လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုများတွင် ပါဝင် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၂၀၂၄ ခုနှစ်တွင် အစားအသောက်ဥပဒေပြင်ဆင်ခဲ့ပြီး သွင်းကုန်များ ကြပ်မတ်စစ်ဆေးခြင်း၊ ကျန်းမာရေးအထောက်အထားလက်မှတ်ထုတ်ပေးခြင်းနှင့် သတ်မှတ်စံနှုန်းများ အတိုင်း စစ်ဆေးအကောင်အထည်ဖော်နိုင်ရန် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ တာဝန်ယူစစ်ဆေးဆောင်ရွက်လျက်ရှိပါကြောင်း၊ Pre-packaged food များအတွက် Food Product Code System နှင့် Local Product များအတွက် အစားအသောက်ဘေးအန္တရာယ်ကင်းရှင်းရေး ဆိုင်ရာညွှန်ကြားချက်များနှင့်အညီဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံသည် အစားအစာလုံခြုံ ရေးစနစ်ပိုမိုခေတ်မီရေး၊ တိကျစေရေးနှင့် လုပ်ငန်းစဉ်ဆောင်ရွက်မှုများ တိုးတက်မှုရှိစေရေး ဆောင် ရွက်လျက်ရှိပါကြောင်းနှင့် ကုန်သွယ်မှုပိုမိုမြန်ဆန်စေရေး General Administration of Customs of China (GACC) နှင့် ပူးပေါင်း၍ ဆောင်ရွက်မည်ဖြစ်ပြီး သင်တန်းပေးခြင်း၊  နည်းပညာပိုင်းဆိုင်ရာ အထောက်အပံ့ပေးခြင်းများ ပံ့ပိုးဆောင်ရွက်ပေးနိုင်ပါရန် ညှိနှိုင်းပြောကြားခဲ့ပါသည်။