ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်၌ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ကျန်းမာရေးဝန်ကြီးဌာန ပိုက်ကျော်ခြင်းအားကစားအဖွဲ့အား တွေ့ဆုံအားပေးစကားပြောကြား
နေပြည်တော်၊ ဒီဇင်ဘာ ၁၀
၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်၌ ဝင်ရောက်ယှဉ်ပြိုင်မည့် ကျန်းမာရေးဝန်ကြီးဌာနကိုယ်စားပြု ပိုက်ကျော်ခြင်းအားကစားအဖွဲ့အား တွေ့ဆုံ၍ အမှာစကားပြောကြားသည့်အခမ်းအနားကို (၁၀-၁၂-၂၀၂၄)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီတွင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ(၁)၌ကျင်းပရာ ကျန်းမာရေးဝန်ကြီးဌာန၊ အလွတ်တန်းပိုက်ကျော်ခြင်း(အမျိုးသား) ပြိုင်ပွဲအောင်နိုင်ရေးဆပ်ကော်မတီဥက္ကဌ ပါမောက္ခဒေါက်တာခင်ဇော်၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ ပိုက်ကျော်ခြင်းအားကစားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် အုပ်ချုပ်သူ၊ နည်းပြ၊ အားကစားသမားများနှင့် တာဝန်ရှိသူများမှ တက်ရောက်ခဲ့ကြပါသည်။
ရှေးဦးစွာ ကျန်းမာရေးဝန်ကြီးဌာန၊အလွတ်တန်းပိုက်ကျော်ခြင်း(အမျိုးသား) ပြိုင်ပွဲအောင်နိုင်ရေး ဆပ်ကော်မတီဥက္ကဌ ပါမောက္ခဒေါက်တာခင်ဇော်မှ နိုင်ငံတော်၏အားကစားအဆင့်အတန်း ပိုမို တိုးတက်မြင့်မားစေရန်နှင့် နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်သည့် ၂၀၂၄ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် ကျန်းမာရေးဝန်ကြီးဌာနမှ ပိုက်ကျော်ခြင်း(ကျား)အားကစား၌ အုပ်ချုပ်သူ၊ နည်းပြ၊အားကစားသမား စုစုပေါင်း (၁၃)ဦး ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပါကြောင်း၊ပြိုင်ပွဲဝင်အားကစားသမားများအနေဖြင့် ပြိုင်ပွဲ အသီးသီးတွင် အောင်မြင်မှုများရယူ၍ ကျန်းမာရေးဝန်ကြီးဌာနဂုဏ်ဆောင် အားကစားသမား များဖြစ်အောင် ကြိုးစားသွားကြရန်လိုပါကြောင်း အမှာစကားပြောကြားခဲ့ပြီး အမျိုးသား အားကစားပွဲတော်တွင် ပါဝင်ယှဉ်ပြိုင်ကြမည့်အုပ်ချုပ်သူ၊နည်းပြနှင့်အားကစားသမားများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်၍ အားပေးစကားပြောကြားကာ လိုအပ်သည်များကို မှာကြားခဲ့ပါသည်။