အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတွင် Online Post Market Survelliance Training နှင့် Launching ကျင်းပပြုလုပ်

နေပြည်တော်၊ အောက်တိုဘာ ၂၄

အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ အစားအသောက်ဌာနခွဲ၊ ဆေးဝါးဌာနခွဲ၊ ဆေးပစ္စည်း နှင့်အလှကုန်ဌာနခွဲ၊ ဓာတ်ခွဲဌာနခွဲတို့မှ ဈေးကွက်ထောက်လှမ်းစစ်ဆေးခြင်း၊ ဓာတ်ခွဲအဖြေများပေးပို့ ခြင်း၊ Reporting ဆောင်ရွက်ခြင်းနှင့် Action ယူခြင်းစသည့်ကိစ္စရပ်များအား Online စနစ်ဖြင့် ဆောင် ရွက်နိုင်ရန် Software ရေးဆွဲခဲ့ပြီးဖြစ်ပါသဖြင့် (၂၄-၁၀-၂၀၂၄)ရက်နေ့တွင် Launching Ceremony အခမ်းအနားဆောင်ရွက်ခဲ့ရာ ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာခင်ဇော်မှ အဖွင့်အမှာစကား ပြောကြား၍ Launching ပြုလုပ်ခဲ့ပြီး အဆိုပါအခမ်းအနားသို့ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ တိုင်းဒေသကြီး/ ပြည်နယ် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနခွဲ များမှတာဝန်ခံများနှင့် ကိုယ်စားလှယ်များ စုစုပေါင်း(၃၂)ဦး တက်ရောက်ခဲ့ပါသည်။ (၂၄-၁၀-၂၀၂၄) ရက်နေ့နှင့် (၂၅-၁၀-၂၀၂၄)ရက်နေ့တို့တွင် အဆိုပါသင်တန်းသား(၃၂)ဦးအား အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(နေပြည်တော်)၊ အစည်းအဝေးခန်းမ(၁)၌ လက်တွေ့လေ့ကျင့်သင်ကြား ပေးခဲ့ပါသည်။