မြန်မာနိုင်ငံဆီစက်ပိုင်ရှင်များအသင်း ပဉ္စမအကြိမ်အသင်းသားစုံညီနှစ်ပတ်လည်အစည်းအဝေးအခမ်းအနားသို့ တက်ရောက်
ရန်ကုန်၊ ဩဂုတ် ၅
အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာခင်ဇော်သည် (၄-၈-၂၀၂၄)ရက်နေ့၊ နံနက်(၉:၀၀)နာရီတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှု လက်မှုလုပ်ငန်းရှင်များအသင်းချုပ်၊ မင်္ဂလာခန်းမ၌ ကျင်းပပြုလုပ်သည့် မြန်မာနိုင်ငံဆီစက်ပိုင်ရှင်များ အသင်းပဉ္စမအကြိမ် အသင်းသားစုံညီနှစ်ပတ်လည်အစည်းအဝေးအခမ်းအနားသို့ တက်ရောက်ခဲ့ ပါသည်။ အဆိုပါအခမ်းအနားတွင် ညွှန်ကြားရေးမှူးချုပ်သည် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနအနေဖြင့် ပြည်သူတစ်ရပ်လုံးစားသောက်သုံးစွဲနေသည့် အစားအသောက်၊ဆေးဝါး၊ဆေးပစ္စည်း/ အလှကုန်နှင့်လူသုံးကုန်ပစ္စည်းများကို စနစ်တကျစီစစ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံ ဆီစက်ပိုင်ရှင်များအသင်းမှလည်း လိုက်ပါဆောင်ရွက်လျက်ရှိပါကြောင်း၊ ဆီအမျိုးအစားများတွင် ကျန်းမာရေးအရ သင့်တင့်စွာစားသုံးနိုင်သည့် မပြည့်ဝဆီများ (Unsaturated Fats)၊ တတ်နိုင်သမျှ လျှော့၍ စားသုံးနိုင်သည့် ပြည့်ဝဆီများ (Saturated Fats) နှင့် လုံးဝမစားသုံးသင့်သော အသွင်ပြောင်း ဆီများ (Trans fat)ဟူ၍ (၃)မျိုးရှိပါကြောင်းနှင့် အဆိုပါဆီအမျိုးအစားများနှင့်ပတ်သက်၍ ဆောင်ရွက် ထားရှိမှုအခြေအနေများ၊ ရောနှောဆီများနှင့်သက်ဆိုင်သောအမိန့် ၂/၂၀၂၄ ဆိုင်ရာကိစ္စများ၊ အမျိုးသား အစားအသောက်ဥပဒေကိုပြင်ဆင်ထားသည့်ဥပဒေ(၂၀၂၄)နှင့်ပတ်သက်ပြီး လုပ်ငန်းရှင်များအနေဖြင့် အထူးဂရုပြုလိုက်နာရမည့်အချက်များနှင့် ဖောက်ဖျက်ကျူးလွန်ပါက ချမှတ်ခံရမည့်ပြစ်ဒဏ်များနှင့်ပတ်သက်၍ အကျယ်တဝင့်ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပါသည်။