ပြင်းထန်ဝမ်းပျက်၊ ဝမ်းလျှောရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် မင်္ဂလာဒုံမြို့နယ်နှင့် သင်္ဃန်းကျွန်းမြို့နယ်အတွင်း ရှောင်တခင်ကွင်းဆင်းစစ်ဆေးခြင်း
ရန်ကုန်၊ ဇူလိုင် ၂၉
အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနခွဲ(ရန်ကုန်)သည် (၂၆-၇-၂၀၂၄)ရက်နေ့တွင် ပြင်းထန် ဝမ်းပျက်၊ ဝမ်းလျှောရောဂါကာကွယ်ထိန်းချုပ်ရေးကို ကူညီပံ့ပိုးသည့်အနေဖြင့် မင်္ဂလာဒုံမြို့နယ်ရှိ သောက်ရေသန့်လုပ်ငန်း(၁၀)ခုနှင့် သင်္ဃန်းကျွန်းမြို့နယ်ရှိ သောက်ရေသန့်လုပ်ငန်း(၄)ခု စုစုပေါင်း သောက်ရေသန့်လုပ်ငန်း(၁၄)ခုအား မင်္ဂလာဒုံမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများ၊ သင်္ဃန်းကျွန်းမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်စည်ပင်သာယာရေး အဖွဲ့မှ တာဝန်ရှိသူများနှင့်အတူပူးပေါင်း၍ ရှောင်တခင်ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။