ပြင်းထန် ဝမ်းပျက်၊ ဝမ်းလျှောရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် မှော်ဘီမြို့နယ်နှင့် ရွှေပြည်သာ မြို့နယ်အတွင်း ရှောင်တခင်ကွင်းဆင်းစစ်ဆေးခြင်း
ရန်ကုန်၊ ဇူလိုင် ၂၈
အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနခွဲ(ရန်ကုန်)သည် (၂၇-၇-၂၀၂၄) ရက်နေ့တွင် ပြင်းထန် ဝမ်းပျက်၊ ဝမ်းလျှောရောဂါကာကွယ်ထိန်းချုပ်ရေးကို ကူညီပံ့ပိုးသည့်အနေဖြင့် မှော်ဘီ မြို့နယ်ရှိ သောက်ရေသန့်လုပ်ငန်း (၄) ခု၊ ရွှေပြည်သာမြို့နယ်ရှိ သောက်ရေသန့်လုပ်ငန်း (၅) ခု၊ စုစုပေါင်း သောက်ရေသန့်လုပ်ငန်း(၉)ခုအား မှော်ဘီမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိ သူများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတာဝန်ရှိသူများ၊ ရွှေပြည်သာမြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ တာဝန်ရှိသူများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတာဝန်ရှိသူများနှင့် အတူပူးပေါင်း၍ ရှောင်တခင်ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။