ပြင်းထန် ဝမ်းပျက်၊ ဝမ်းလျှောရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် လှိုင်သာယာမြို့နယ်နှင့် ရွှေပြည်သာမြို့နယ်အတွင်း ရှောင်တခင်ကွင်းဆင်းစစ်ဆေးခြင်း    

ရန်ကုန်၊ ဇူလိုင် ၂၆

အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနခွဲ(ရန်ကုန်)သည် (၂၅-၇-၂၀၂၄)ရက်နေ့တွင်  ပြင်းထန် ဝမ်းပျက်၊ ဝမ်းလျှောရောဂါကာကွယ်ထိန်းချုပ်ရေးကို ကူညီပံ့ပိုးသည့်အနေဖြင့် လှိုင်သာယာမြို့နယ်ရှိ သောက်ရေသန့်လုပ်ငန်း(၇)ခုနှင့် ရွှေပြည်သာမြို့နယ်ရှိ သောက်ရေသန့်လုပ်ငန်း(၆)ခု စုစုပေါင်း သောက်ရေသန့်လုပ်ငန်း(၁၃)ခုအား သက်ဆိုင်ရာမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူပူးပေါင်း၍ ရှောင်တခင်ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။