ပြင်းထန်ဝမ်းပျက်၊ ဝမ်းလျှောရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် တောင်ဥက္ကလာပမြို့နယ်နှင့် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်အတွင်း ရှောင်တခင်ကွင်းဆင်းစစ်ဆေးခြင်း              

ရန်ကုန်၊ ဇူလိုင် ၂၅

အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနခွဲ(ရန်ကုန်)သည် (၂၄-၇-၂၀၂၄)ရက်နေ့တွင်  ပြင်းထန် ဝမ်းပျက်၊ ဝမ်းလျှောရောဂါကာကွယ်ထိန်းချုပ်ရေးကို ကူညီပံ့ပိုးသည့်အနေဖြင့် တောင်ဥက္ကလာပမြို့နယ်ရှိ သောက်ရေသန့်လုပ်ငန်း(၆)ခုနှင့် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်ရှိ သောက်ရေသန့်လုပ်ငန်း (၁၁)ခု စုစုပေါင်းသောက်ရေသန့်လုပ်ငန်း(၁၇)ခုအား သက်ဆိုင်ရာမြို့နယ်အစားအသောက်နှင့်ဆေးဝါး ကြီးကြပ်ကွပ်ကဲရေးကော်မတီဝင်များနှင့်အတူပူးပေါင်း၍ ရှောင်တခင်ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။