ပြင်းထန်ဝမ်းပျက်၊ ဝမ်းလျှောရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်နှင့် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်များအတွင်း ရှောင်တခင်ကွင်းဆင်းစစ်ဆေးခြင်း
ရန်ကုန်၊ ဇူလိုင် ၂၄
အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနခွဲ(ရန်ကုန်)သည် (၂၃-၇-၂၀၂၄)ရက်နေ့တွင် ပြင်းထန်ဝမ်းပျက်၊ ဝမ်းလျှောရောဂါကာကွယ်ထိန်းချုပ်ရေးကို ကူညီပံ့ပိုးသည့်အနေဖြင့် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်ရှိ သောက်ရေသန့်လုပ်ငန်း(၇)ခုနှင့် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရှိ သောက်ရေသန့်လုပ်ငန်း(၅)ခု စုစုပေါင်းသောက်ရေသန့်လုပ်ငန်း(၁၂)ခုအား ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီး ဌာနမှ တာဝန်ရှိသူများ၊ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများ၊ မီးသတ်ဦးစီးဌာနမှတာဝန်ရှိသူများနှင့်အတူပူးပေါင်း၍ ရှောင်တခင်ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။