ပြင်းထန်ဝမ်းပျက်၊ ဝမ်းလျှောရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် တောင်ဥက္ကလာပမြို့နယ်၊ သင်္ဃန်းကျွန်းမြို့နယ်နှင့် လှိုင်သာယာမြို့နယ်အတွင်းရှိ သောက်ရေသန့်လုပ်ငန်းများအား ရှောင်တခင်ကွင်းဆင်းစစ်ဆေး

အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနခွဲ(ရန်ကုန်)သည် (၁၈-၇-၂၀၂၄)ရက်နေ့တွင် ပြင်းထန်ဝမ်းပျက်၊ ဝမ်းလျှောရောဂါကာကွယ်ထိန်းချုပ်ရေးကို ကူညီပံ့ပိုးသည့်အနေဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်ရှိ သောက်ရေသန့်လုပ်ငန်း(၃)ခု၊ သင်္ဃန်းကျွန်းမြို့နယ်ရှိ သောက်ရေသန့်လုပ်ငန်း(၂)ခု၊ လှိုင်သာယာမြို့နယ်ရှိ သောက်ရေသန့်လုပ်ငန်း(၅)ခုတို့အား သက်ဆိုင်ရာမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်ပူးပေါင်း၍ ရှောင်တခင်ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။