ပြင်းထန်ဝမ်းပျက်၊ ဝမ်းလျှောရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် ရှောင်တခင်ကွင်းဆင်းစစ်ဆေးခြင်း

ရန်ကုန်၊ ဇူလိုင် ၁၈

အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနသည် (၁၆-၇-၂၀၂၄)ရက်နေ့တွင်  ပြင်းထန်ဝမ်းပျက်၊ ဝမ်းလျှောရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ဒုတိယအမြဲတမ်းအတွင်းဝန်၏ကြီးကြပ်မှုဖြင့် သက်ဆိုင်ရာမြို့နယ်အစားအသောက်နှင့်ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီဝင်များနှင့်အတူပူးပေါင်း၍ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရှိ သောက်ရေသန့်လုပ်ငန်း (၆)ခု နှင့် ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ်ရှိ သောက်ရေသန့်လုပ်ငန်း(၁၀)ခုတို့အား ရှောင်တခင်ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။