ပြင်းထန်ဝမ်းပျက်၊ ဝမ်းလျှောရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် ရှောင်တခင်ကွင်းဆင်းစစ်ဆေးခြင်း
ရန်ကုန်၊ ဇူလိုင် ၁၇
အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနသည် (၁၅-၇-၂၀၂၄)ရက်နေ့တွင် ပြင်းထန်ဝမ်းပျက်၊ ဝမ်းလျှောရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်နှင့် ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူပူးပေါင်း၍ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ရှိ အစားအသောက်ထုတ်လုပ်ခြင်း ထောက်ခံချက်ရရှိထားသော သောက်ရေသန့်လုပ်ငန်း (၃)ခု၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်ရှိ အစားအသောက်ထုတ်လုပ်ခြင်းထောက်ခံ ချက်ရရှိထားသော သောက်ရေသန့်လုပ်ငန်း (၂)ခု၊ စုစုပေါင်း သောက်ရေသန့်လုပ်ငန်း(၅)ခုအား ရှောင်တခင်ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။
ထို့အပြင် ၁၆-၇-၂၀၂၄)ရက်နေ့တွင် သန်လျင်မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မီးသတ်ဦးစီးဌာန၊ ဒေါပုံမြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူပူးပေါင်း၍ ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်ရှိ သောက်ရေသန့်လုပ်ငန်း(၁၂)ခု၊ ဒေါပုံမြို့နယ်ရှိ သောက်ရေသန့်လုပ်ငန်း(၃)ခု၊ စုစုပေါင်း သောက်ရေသန့်လုပ်ငန်း(၁၅)ခုအား ရှောင်တခင်ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။