အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(ရုံးချုပ်)ဝါဆိုသင်္ကန်းကပ်လှူပွဲအခမ်းအနားကျင်းပ
နေပြည်တော်၊ ဇူလိုင် ၁၇
အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ဝါဆိုသင်္ကန်းကပ်လှူပွဲအခမ်းအနားကို (၁၇-၇-၂၀၂၄) ရက်နေ့ နံနက် (၁၀:၀၀)နာရီတွင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ(၂) ၌ကျင်းပရာ ညွှန်ကြားရေးမှူးချုပ်ပါမောက္ခဒေါက်တာခင်ဇော်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဌာန ဆိုင်ရာဝန်ထမ်းများမှ ဘုရားအမှူးရှိသော သံဃာတော်အရှင်သူမြတ်များအား ဝါဆိုသင်္ကန်းနှင့်တကွ လှူဖွယ် ဝတ္ထုများ၊ ဆွမ်း ခဲဖွယ် ဘောစဉ် ချိုချဉ်အဖြာဖြာတို့အား ဆက်ကပ်လှူဒါန်းခဲ့ကြပါသည်။