အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့်ပတ်သက်၍ Zoom ဖြင့် သင်တန်းပို့ချခြင်း

နေပြည်တော်၊ ဇွန် ၂၀

အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့်ပတ်သက်၍ သစ်လွင် ဝန်ထမ်းများအား Zoom ဖြင့် အသိပညာပေးသင်တန်းဖွင့်ပွဲအခမ်းအနားကို  (၂၀-၆-၂၀၂၄) ရက်နေ့၊ နံနက်(၀၉:၃၀) နာရီတွင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ(၁)၌ ကျင်းပရာ ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာခင်ဇော်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ အရာထမ်းများနှင့် အမှုထမ်းများ တက်ရောက်ခဲ့ကြ ပါသည်။ အဆိုပါအခမ်းအနားတွင် ညွှန်ကြားရေးမှူးချုပ်မှ အဖွင့်အမှာစကားပြောကြားခြင်း၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များမှ အဆိုပါသင်တန်းနှင့်ပတ်သက်၍ ဆွေးနွေးမှာကြားခြင်းတို့ကို ဆောင်ရွက်ပြီး နောက် သက်ဆိုင်ရာ ဌာနခွဲအသီးသီး၏ တာဝန်ရှိသူများမှ ကဏ္ဍအလိုက် အစားအသောက်၊ ဆေးဝါး၊ ဆေးပစ္စည်း၊အလှကုန်/လူသုံးကုန်များနှင့်ပတ်သက်၍ ကြီးကြပ်ကွပ်ကဲရေးလုပ်ငန်းများဆိုင်ရာ သင်ခန်းစာများ၊ စီမံရေးရာသင်ခန်းစာများ၊ ဘတ်ဂျက်နှင့် ငွေစာရင်းဆိုင်ရာသင်ခန်းစာများ၊ ဓာတ်ခွဲစစ်ဆေးခြင်းဆိုင်ရာသင်ခန်းစာများကို ပို့ချခဲ့ပြီး တက်ရောက်လာသော သစ်လွင်ဝန်ထမ်းများမှ ပြန်လည်ဆွေးနွေးပြောကြားခဲ့ကြပါသည်။ အဆိုပါသင်တန်းသို့ သစ်လွင်ဝန်ထမ်း(၄၃)ဦး တက်ရောက်ခဲ့ကာ ညနေ(၁၆:၃၀)နာရီတွင် ဒုတိယညွှန်ကြားရေးမှူးချုပ်(ရုံးချုပ်)မှ သင်ခန်းစာအနှစ်ချုပ်အား ပြန်လည်ဆွေးနွေးခဲ့ပြီး သင်တန်းပြီးဆုံးခဲ့ပါသည်။