၂၀၁၃ ခုနှစ်မှ ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလအတွင်း သတင်းစာကြေညာချက်ပါ စားသုံးဆီများစာရင်း
မြေပဲဆီများနှင့်ပတ်သက်၍ အများပြည်သူသိရှိရန် အသိပေးကြေညာချက်
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် အရည်အသွေးစစ်မှန်ကောင်းမွန်ပြီး ဘေးအန္တရာယ် ကင်းရှင်းသော အစားအသောက်များကို အများပြည်သူတို့စားသုံးနိုင်ရန် စဥ်ဆက်မပြတ် ဆောင်ရွက် လျက်ရှိသည်။ ဈေးကွက်များတွင် ရောင်းချလျက်ရှိသော အောက်ဖော်ပြပါ စားသုံးဆီအမှတ်တံဆိပ်များမှာ မြေပဲဆီဟု ဖော်ပြထားပြီး မြေပဲဆီအစစ်မဟုတ်ဘဲ စားအုန်းဆီနှင့်အခြားစားသုံးဆီအရောများ ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် အမှတ်တံဆိပ်ပါဖော်ပြချက်နှင့်ကိုက်ညီမှုမရှိသည့် စံမညီ စားသုံးဆီများဖြစ်ကြောင်း အများပြည်သူသိရှိ နိုင်ရန် အသိပေးကြေညာအပ်ပါသည်။
အဆိုပါအမှတ်တံဆိပ်ဖြင့် မြေပဲဆီထုတ်လုပ်သည့်လုပ်ငန်းများအနေဖြင့် အဆိုပါစံမညီစားသုံးဆီ များအား ဈေးကွက်မှ အမြန်ဆုံးပြန်လည်ရုတ်သိမ်းသွားရန်နှင့် ဆက်လက်ထုတ်လုပ်ရောင်းချကြောင်း စီစစ်တွေ့ရှိရပါက အမျိုးသားအစားအသောက် ဥပဒေပုဒ်မ၂၈(ခ)အရ အရေးယူသွားမည်ဖြစ်ကြောင်း သတိပေးအပ်ပါသည်။
လုပ်သားပြည်သူများ၏ နေ့စဥ်မရှိမဖြစ်စားသုံးဆီများသည် သတ်မှတ်စံနှုန်းများနှင့် ညီညွတ် စေရန်အတွက် ဈေးကွက်များရှိစားသုံးဆီများအား ဆက်လက်စစ်ဆေးဖော်ထုတ် ကြပ်မတ်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ဖော်ပြအပ်ပါသည်။
၂၀၁၃ ခုနှစ်မှ ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလအတွင်း သတင်းစာကြေညာချက်ပါ စားသုံးဆီများစာရင်း
| စဉ် | အမှတ်တံဆိပ် | အစားအသောက်အမျိုးအစား ဖော်ပြချက် | ထုတ်လုပ်သည့်လုပ်ငန်းအမည်နှင့်လိပ်စာ | စီစစ်တွေ့ရှိချက် |
|---|---|---|---|---|
| ၁။ | စိန်မမ | ပဲဆီသန့် | စိန်မမပဲဆီသန့် ကွက်သစ်ရပ်၊တံတားဦးမြို့။ | စားအုန်းဆီဖြစ်ပါသည်။ |
| ၂။ | မော်ကွန်းသစ် (MKT) | ပဲဆီသန့် | မော်ကွန်းသစ်ပဲဆီသန့်ရောင်းဝယ်ရေးအိမ်အမှတ်(၅၆၃)၊စည်သာရပ်ကွက်၊ပုသိမ်ကြီးမြို့နယ်၊မန္တလေး။ | စားအုန်းဆီဖြစ်ပါသည်။ |
| ၃။ | Hi Plus | မြေပဲဆီသန့် | ဖော်ပြထားခြင်းမရှိပါ။ | စားအုန်းဆီဖြစ်ပါသည်။ |
| ၄။ | စိန် | မြေပဲဆီသန့် | Sein Lin Tun Trading | စားအုန်းဆီဖြစ်ပါသည်။ |
| ၅။ | ရွှေအိုး | မြေပဲဆီ | ဖော်ပြထားခြင်းမရှိပါ။ | စားသုံးဆီအရောဖြစ်ပါသည်။ |
| ၆။ | ရွှေပဒေသာ | ရာနှုန်းပြည့်ပဲဆီသန့် | ဖော်ပြထားခြင်းမရှိပါ။ | စားသုံးဆီအရောဖြစ်ပါသည်။ |
| ၇။ | ကံသာမြင့် | ပဲဆီ | ကံသာမြင့်ကုမ္ပဏီလီမိတက် ၁၇လမ်း၊၈၈x၈၉လမ်းကြား၊အောင်မြေသာစံမြို့နယ်၊မန္တလေး။ | စားသုံးဆီအရောဖြစ်ပါသည်။ |
| ၈။ | Golden Royal (ရွှေတော်ဝင်) | ပဲဆီ | Distributed By: GOLD FISH Oil Factory, Industrial Zone, Mandalay, Myanmar. | စားသုံးဆီအရောဖြစ်ပါသည်။ |
| ၉။ | သပြေ | မြေပဲဆီသန့် | သပြေဆီစက် အမှတ်(၅/၂၈)၊ရွှေချီရပ်၊၈လမ်း၊ပျဥ်းမနားမြို့။ | စားသုံးဆီအရောဖြစ်ပါသည်။ |
| ၁၀။ | တော်ဝင်နဒီ | Peanut Oil | အမှတ်(၉၀၀)၊ဗိုလ်ချုပ်လမ်းမကြီး၊အဆင့်မြင့်(၅)ရပ်ကွက်၊လှိုင်သာယာမြို့နယ်၊ရန်ကုန်မြို့။ | စားအုန်းဆီဖြစ်ပါသည်။ |
| ၁၁။ | Lucky | မြေပဲဆီ | ဖော်ပြမထားပါ။ | စားအုန်းဆီဖြစ်ပါသည်။ |
| ၁၂။ | SS | မြေပဲဆီ | ဖော်ပြမထားပါ။ | စားအုန်းဆီဖြစ်ပါသည်။ |
| ၁၃။ | ရွှေမိုး | မြေပဲဆီ | ဖော်ပြမထားပါ။ | စားသုံးဆီအရောဖြစ်ပါသည်။ |
| ၁၄။ | စိန်သရဖူ | မြေပဲဆီသန့် | ချိုသစ္စာကုမ္ပဏီလီမိတက်၅၂/၅၅မေဖလားဝါးလမ်း၊နဝဒေးအိမ်ရာ၊လှိုင်သာယာမြို့နယ်၊ရန်ကုန်မြို့။ | စားသုံးဆီအရောဖြစ်ပါသည်။ |
| ၁၅။ | Family | မြေပဲဆီသန့် | အမှတ်-၅၂၀၊အဝေရာလမ်း၊နံ့သာကုန်း၊အင်းစိန်မြို့နယ်၊ရန်ကုန်မြို့။ | စားသုံးဆီအရောဖြစ်ပါသည်။ |
| ၁၆။ | စံထိပ်တန်း | မြေပဲဆီ | ဖော်ပြမထားပါ။ | စားသုံးဆီအရောဖြစ်ပါသည်။ |
| ၁၇။ | ရွှေစင် | မြေပဲဆီ | ဖော်ပြမထားပါ။ | စားသုံးဆီအရောဖြစ်ပါသည်။ |
| ၁၈။ | ညွန့်ဌေး | မြေပဲဆီသန့် | အမှတ်(၁၂)၊၂၇x ၂၈လမ်း၊၈၇လမ်း၊မန္တလေးမြို့။ | စားသုံးဆီအရောဖြစ်ပါသည်။ |
| ၁၉။ | ရွှေကမ္ဘာ | အဆင့်မြင့် ပဲဆီသန့် | ဖော်ပြမထားပါ။ | စားသုံးဆီအရောဖြစ်ပါသည်။ |
| ၂၀။ | စိန်တောင်တန်း | မြေပဲဆီသန့် | တံခွန်တိုင်ဘူတာအနီး၊တံခွန်တိုင်ရပ်ကွက်၊ပြည်ကြီီးတံခွန်မြို့နယ်၊မန္တလေးမြို့။ | စားသုံးဆီအရောဖြစ်ပါသည်။ |
| ၂၁။ | အိုကေစီ/OKC | မြေပဲဆီသန့် | Super Power Food Production, East Dagon, Yangon | စားသုံးဆီအရောဖြစ်ပါသည်။ |
| ၂၂။ | Quality | 100% Pure Groundnut Oil | A Quality Product of Myat Distribution Group | စားသုံးဆီအရောဖြစ်ပါသည်။ |
| ၂၃။ | ရွှေတောင် | ပဲဆီသန့် | အမှတ်(၈၅)၊၈၅လမ်း၊၃၁x၃၂ကြား၊မလွန်ရပ်၊မန္တလေးမြို့။ | စားသုံးဆီအရောဖြစ်ပါသည်။ |
| ၂၄။ | ကောင်းထက်ကျော် | ပဲဆီ | စက်ရုံ-၃၂ x ၃၃ကြား၊၈၉x ၉၀ကြား၊ဒေးဝန်းလမ်းမကြီး၊မန္တလေးမြို့။ | စားသုံးဆီအရောဖြစ်ပါသည်။ |
| ၂၅။ | ကောင်းကြိုက် | ပဲဆီသန့် | ဖော်ပြမထားပါ။ | စားသုံးဆီအရောဖြစ်ပါသည်။ |
| ၂၆။ | အေးမြတ်မွန် | ပဲဆီသန့် | (၈၅)လမ်း၊၃၀ x၃၁လမ်းကြား၊မန္တလေးမြို့။ | စားသုံးဆီအရောဖြစ်ပါသည်။ |
| ၂၇။ | အင်းဝ | ပဲဆီသန့် | အမှတ်(၈၅)၊(၈၅)လမ်း၊၃၁x၃၂ကြား၊မလွန်ရပ်၊မန္တလေးမြို့။ | စားသုံးဆီအရောဖြစ်ပါသည်။ |
