၂၀၁၃ ခုနှစ်မှ ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလအတွင်း သတင်းစာကြေညာချက်ပါ သောက်ရေသန့်များစာရင်း

အရည်အသွေး အာမခံချက် မရှိသော သောက်ရေသန့်များနှင့် ပတ်သက်၍ အများပြည်သူသိရှိရန် အသိပေးကြေညာချက်
၁။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသည် အရည်အသွေး စစ်မှန်ကောင်းမွန်ပြီး ဘေးအန္တရာယ် ကင်းရှင်းသော အစားအသောက်များကို အများပြည်သူတို့ စားသုံးနိုင်ရန် စဥ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိသည်။
၂။ ဈေးကွက်ထောက်လှမ်းစီစစ်ချက်အရ အောက်ဖော်ပြပါ သောက်ရေသန့်များမှာ အစား အသောက်နှင်‌့ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ အရည်အသွေးစီစစ်ထောက်ခံထားသည့် သောက်ရေသန့်များ မဟုတ်ပါကြောင်းနှင့် သောက်ရေသန့်သတ်မှတ်ချက်နှင့် ကိုက်ညီမှုမရှိ ကြောင်း တွေ့ရှိရပါသဖြင့် အရေးယူဆောင်ရွက်လျက်ရှိပါသည်။
၃။ အစားအသောက်(သောက်ရေသန့်) ထုတ်လုပ်ရန်ထောက်ခံချက်မရှိဘဲ ဆက်လက်ထုတ်လုပ်၊ ဖြန့်ဖြူး၊ ရောင်းချကြောင်း စီစစ်တွေ့ရှိရပါက အမျိုးသားအစားအသောက်ဥပဒေအရ အရေးယူ သွားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

၂၀၁၃ ခုနှစ်မှ ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလအတွင်း သတင်းစာကြေညာချက်ပါ သောက်ရေသန့်များစာရင်း

စဉ် သောက်ရေသန့်အမှတ်တံဆိပ် လုပ်ငန်းလိပ်စာ
၁။ Zhulian ဗိုလ်ချုပ်လမ်း၊ အောင်ဆန်းရပ်ကွက်၊ ကျုံပျော်မြို့၊ ဧရာဝတီတိုင်းဒေသကြီး။
၂။ Zhulian ယုဇနလမ်း၊ တောင်ပိုင်းရပ်ကွက်၊ ငပုတောမြို့၊ ဧရာဝတီတိုင်းဒေသကြီး
၃။ Zhulian စကားမြားကျေးရွာ၊ မြောင်းမြမြို့၊ ဧရာဝတီတိုင်းဒေသကြီး
၄။ Zhulian ရေကြည်၊ အသုတ်မြို့၊ ဧရာဝတီတိုင်းဒေသကြီး
၅။ Zhulian ပုသိမ်မြို့၊ ဧရာဝတီတိုင်းဒေသကြီး။
၆။ Zhulian (ခ)ရပ်ကွက်၊ မာဃလမ်း၊ လောင်းလုံမြို့၊ တနင်္သာရီတိုင်းဒေသကြီး။
၇။ Zhulian ရေဖြူရွာ၊ လောင်းလုံမြို့၊ တနင်္သာရီတိုင်းဒေသကြီး။
၈။ Zhulian ညင်းမော်ရွာ၊ လောင်းလုံမြို့၊ တနင်္သာရီတိုင်းဒေသကြီး။
၉။ Zhulian ဟင်းချိုတောရွာ၊ လောင်းလုံမြို့၊ တနင်္သာရီတိုင်းဒေသကြီး။
၁၀။ Zhulian သပြေရှောင်ရွာ၊ လောင်းလုံမြို့၊ တနင်္သာရီတိုင်းဒေသကြီး။
၁၁။ Zhulian ရဘဲရွာ၊ လောင်းလုံမြို့၊ တနင်္သာရီတိုင်းဒေသကြီး။
၁၂။ Zhulian အေးချမ်းသာရပ်၊ ဘုတ်ပြင်းမြို့၊ တနင်္သာရီတိုင်းဒေသကြီး။
၁၃။ Zhulian မြို့မရပ်ကွက်၊ သရက်ချောင်းမြို့၊ တနင်္သာရီတိုင်းဒေသကြီး
၁၄။ အနှိုင်းမဲ့ အမှတ်(၂)ရပ်ကွက်၊ ရွှေဝါ(၁)လမ်း၊ ပုလောမြို့၊ တနင်္သာရီတိုင်းဒေသကြီး
၁၅။ အနှိုင်းမဲ့ သီဟလမ်း၊ အလယ်ပိုင်း၊ ပန်းတနော်မြို့၊ ဧရာဝတီတိုင်းဒေသကြီး။
၁၆။ BEYOND WATER အကျော်တာလမ်းမကြီး၊ (၂)ရပ်ကွက်၊ ဓနုဖြူမြို့၊ ဧရာဝတီတိုင်းဒေသကြီး ။
၁၇။ Apolo (၁၅)ရပ်ကွက်၊ ဒဂုံအရှေ့ပိုင်းမြို့နယ်၊ ရန်ကုန်မြို့၊ ရန်ကုန်တိုင်းဒေသကြီး။
၁၈။ ရပ်မိရပ်ဖ အောင်မေတ္တာလမ်း၊ ၄/တောင်ရပ်ကွက်၊ သာကေတမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။
၁၉။ Seven Eleven အမှတ်(၁၅၃)၊ ရန်ပြေလမ်း၊ (၃)ရပ်ကွက်၊ သာကေတမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး ။
၂၀။ ရွှေယမင်း စဥ့်ကူးမြို့၊ ရပ်ကွက်(၁)၊ စဥ့်ကူးမြို့နယ်၊ မန္တလေးတိုင်းဒေသကြီး။
၂၁။ ရွှေမြို့တော် စဥ့်ကူးမြို့၊ ရပ်ကွက်(၂)၊ စဥ့်ကူးမြို့နယ်၊ မန္တလေးတိုင်းဒေသကြီး။
၂၂။ ပင်း ရေနံချောင်းစက်မှုဇုန်၊ ရေနံချောင်းမြို့၊ မကွေးတိုင်းဒေသကြီး
၂၃။ မင်္ဂလာ အမှတ်(၂၉၃)၊ ရန်ကုန်-မန္တလေးလမ်း၊ (၁)ရပ်ကွက်၊ ပဲခူးတိုင်းဒေသကြီး။
၂၄။ အေးကမ္ဘာ ပဒုမ္မာလမ်း၊ ဒေးဒရဲမြို့၊ ဧရာဝတီတိုင်းဒေသကြီး။
၂၅။ မင်းမင်း (Min Min) အမှတ်(၂၆)၊ ရွှေလင်ဗန်း၊ ရွှေမြင့်မိုရ်ပတ်လမ်း၊ လှိုင်သာယာမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။
၂၆။ လိုတရ ဘုရင့်နောင်လမ်း၊ အလယ်ပိုင်း၊ ပန်းတနော်မြို့၊ ဧရာဝတီတိုင်းဒေသကြီး။
၂၇။ Korea ဘုရင့်နောင်လမ်း၊ အလယ်ပိုင်း၊ ပန်းတနော်မြို့၊ ဧရာဝတီတိုင်းဒေသကြီး။
၂၈။ Discovery အမှတ်(၁)ရပ်ကွက်၊ သမိုင်းလမ်း၊ ဟိုင်းကြီးကျွန်း၊ ဧရာဝတီတိုင်းဒေသကြီး။
၂၉။ ရှမ်းရိုးမ ဗိုလ်ချုပ်လမ်း၊ တောင်ပိုင်းရပ်ကွက်၊ ငပုတောမြို့၊ ဧရာဝတီတိုင်းဒေသကြီး။
၃၀။ ပြည်တွင်းဖြစ် ညောင်တုန်းမြို့၊ ဧရာဝတီတိုင်းဒေသကြီး။
၃၁။ ပီတိ မဟာဇောတလမ်း၊ (၉)ရပ်ကွက်၊ ဓနုဖြူမြို့၊ ဧရာဝတီတိုင်းဒေသကြီး။
၃၂။ ကျား မဟာဇောတလမ်း၊ (၉)ရပ်ကွက်၊ ဓနုဖြူမြို့၊ ဧရာဝတီတိုင်းဒေသကြီး။
၃၃။ ငွေကြယ်လင်း အမှတ်(၁၃၁-ခ)၊ မြသီတာလမ်း၊ ပိန္နဲတောရပ်၊ ထားဝယ်မြို့၊ တနင်္သာရီတိုင်းဒေသကြီး ။
၃၄။ New Winner အမှတ်(၂)ရပ်ကွက်၊ ရွှေဝါ(၁)လမ်း၊ ပုလောမြို့၊ တနင်္သာရီတိုင်းဒေသကြီး ။
၃၅။ Sein Water ရှပ်ပုံစံပြကျေးရွာ၊ ပုလောမြို့၊ တနင်္သာရီတိုင်းဒေသကြီး။
၃၆။ ကောင်းမြတ် ကန်ပေါက်တိုက်နယ်၊ ရေဖြူမြို့၊ တနင်္သာရီတိုင်းဒေသကြီး။
၃၇။ မြတ်ရတနာ ပါရမီရပ်၊ စစ်ကိုင်းမြို့၊ စစ်ကိုင်းတိုင်းဒေသကြီး။
၃၈။ ဇင်ယော်နီ ဗန္ဓုလရပ်ကွက်၊ ဘုတလင်မြို့၊ စစ်ကိုင်းတိုင်းဒေသကြီး။
၃၉။ ပူးလောက် ကျောက္ကာရွာ၊ ကောလင်းမြို့၊ စစ်ကိုင်းတိုင်းဒေသကြီး။
၄၀။ Safe စော်ဘွားလေးရပ်၊ တမူးမြို့၊ စစ်ကိုင်းတိုင်းဒေသကြီး။
၄၁။ နွေမိုးဆောင်း သမိန်ဗရမ်းလမ်း၊ သီရိနန္ဒာရပ်ကွက်၊ ရေးမြို့၊ မွန်ပြည်နယ်။
၄၂။ OXXO ရွှေတောင်ကြားလမ်း၊ သီရိခေမာရပ်ကွက်၊ ရေးမြို့၊ မွန်ပြည်နယ်။
၄၃။ မွန်အောင်ပန်း ရင်းဒိန်းကျေးရွာ၊ ခေါစာမြို့နယ်ခွဲ၊ ရေးမြို့၊ မွန်ပြည်နယ်။
၄၄။ မီဂါ အမှတ်(၁၇၁)၊ သစ္စာလမ်း၊ ဆီဆိုင်မြို့၊ ရှမ်းပြည်နယ်။
၄၅။ ပစ်တိုင်းထောင် အမှတ်(၃၆၁/က)၊ တေးဥယျာဥ်(၃)လမ်း၊ (၇) ရပ်ကွက်၊ လှိုင်သာယာ မြို့နယ်၊ ရန်ကုန်မြို့။
၄၆။ MT အမှတ်(၃၆၁/က)၊ တေးဥယျာဥ်(၃)လမ်း၊ (၇) ရပ်ကွက်၊ လှိုင်သာယာ မြို့နယ်၊ ရန်ကုန်မြို့။
၄၇။ လမင်းစံ အမှတ်(၁၇၆၊ ၁၇၇)၊ ဇမ္ဗူအေး(၆)လမ်း၊ (၁၂) ရပ်ကွက်၊ လှိုင်သာယာမြို့နယ်၊ ရန်ကုန်မြို့။
၄၈။ Boon အမှတ်(၄၀၁/ခ)၊ သီရိမာလာလမ်း၊ (၁၉/က) ရပ်ကွက်၊ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်၊ ရန်ကုန်မြို့။
၄၉။ ရွှေငါး အမှတ်(၁၀၅/က)၊ (၇၂) ရပ်ကွက်၊ သဇင်လမ်းနှင့် ကံ့ကော်လမ်းထောင့်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ ရန်ကုန်မြို့။
၅၀။ သီတာဇော် အမှတ်(၆၃)၊ ခိုင်သဇင်လမ်း၊ ကစင်၊ လှိုင်သာယာမြို့နယ်၊ ရန်ကုန်မြို့။
၅၁။ အောင်သန်းထိုက် အေးမြို့ကျေးရွာ၊ ထန်းတပင်မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။
၅၂။ မိုးကြယ် (Moe Star) ရွှေစင်သောက်ရေသန့်စက်ရုံ၊ အမှတ်(၂၄၅)၊ သန်လျက်စွန်းလမ်း၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်မြို့။
၅၃။ Y2K အမှတ်တံဆိပ်ပေါ်တွင် လိပ်စာဖော်ပြထားခြင်းမရှိပါ။
၅၄။ Shwe Myanmar ယ-၇၊ ၆၈ လမ်း၊ မြဝတီမင်းကြီးလမ်းနှင့်ဝေသာလီလမ်း ကြား၊ ပြည်ကြီးတံခွန်မြို့နယ်၊ မန္တလေးမြို့။
၅၅။ ဆန္ဒပြည့် နန-၁၄/၂၄၊ လမ်း ၆၀ (A-B)ကြား၊ စံပြလမ်းနှင့်သခင် ဖိုးလှကြီးလမ်းကြား၊ စက်မှု-၁၊ ပြည်ကြီးတံခွန်မြို့နယ်၊ မန္တလေးမြို့။
၅၆။ CLEAN C-13၊ ရတနာပုံ(စ)ဈေးအနောက်ဘက်တန်း၊ ၅၉ လမ်း၊ (စ) ရပ်ကွက်၊ ပြည်ကြီးတံခွန်မြို့နယ်၊ မန္တလေးမြို့။
၅၇။ Smart အမှတ်တံဆိပ်ပေါ်တွင် လိပ်စာဖော်ပြထားခြင်းမရှိပါ။
၅၈။ United Family ဇ- ၅/ ၂၀၊ ခရေလမ်း၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလေးမြို့။
၅၉။ Moon Face မင်းကွန်း၊ စစ်ကိုင်းတိုင်းဒေသကြီး။
၆၀။ AZURE မဲကင်းကုန်းကျေးရွာ၊ ပုသိမ်ကြီးမြို့နယ်၊ မန္တလေးမြို့။
၆၁။ Rain Cloud (မိုးတိမ်လွှာ) ၃၃ x ၃၄ လမ်းကြား၊ ၈၉ x ၉၀ လမ်းကြား၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေးမြို့။
၆၂။ Than Lwin (သံလွင်) ဝေဇယန္တာလမ်း၊ ရတနာပုံတက္ကသိုလ်အနီး၊ တောင်သမန်ရွာ၊ အမရပူရမြို့နယ်၊ မန္တလေးမြို့။
၆၃။ ကြည်ရတနာ စက်ရုံ ခခ-၂/၄၆၊ ၅၈ x ၅၉ လမ်းကြား၊ အောင်ချမ်းသာ လမ်းသွယ်၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေးမြို့။
၆၄။ Fresh pH 7 အမှတ်(၉၃၀)၊ ဒုဌဝတီလမ်း၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ ရန်ကုန်မြို့။
၆၅။ တိမ်စင်ကြယ် (၄၁)လမ်း၊ ဈေးအရှေ့ဘက်၊ ပင်မ(၁၀)၊ အကွက်(၃၉၀)၊ မဟာအောင်မြေမြို့နယ်၊ မန္တလေးမြို့။
၆၆။ Pure 7 အမှတ်(၄/၃၀၅)၊ ကာယ(၃)လမ်း၊ ကာယရပ်ကွက်၊ သင်္ဃန်းကျွန်းကြီးကျေးရွာ၊ မင်္ဂလာဒုံမြို့နယ်၊ ရန်ကုန်မြို့။
အမှတ်(၂၅)၊ ကျောင်းကြီး(၂)လမ်း၊ ကျောင်းကြီးရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်၊ ရန်ကုန်မြို့။
၆၇။ SkyLine ဂ-၆/ ၂၂၊ လမ်းသွယ် (၁၅)၊ (က) ရပ်ကွက်၊ မြဝတီမင်းကြီး လမ်း၊ ပြည်ကြီးတံခွန်မြို့နယ်၊ မန္တလေးမြို့။
၆၈။ အိုကေသိမ်း မိုးတန်းရပ်ကွက်၊ စစ်ကိုင်းမြို့၊ စစ်ကိုင်းတိုင်းဒေသကြီး။
၆၉။ MO သစ်ရာမြိုင်ရပ်ကွက်၊ ကျွန်းလှမြို့၊ စစ်ကိုင်းတိုင်းဒေသကြီး။
၇၀။ ရှယ် စံတော်သာမကျေးရွာ၊ ကောလင်းမြို့၊ စစ်ကိုင်းတိုင်းဒေသကြီး။
၇၁။ ရာမည သာယာကုန်းရပ်ကွက်၊ သိမ်ဇရပ်ကျေးရွာ၊ ကျိုက်ထို မြို့နယ်၊ မွန်ပြည်နယ်။
၇၂။ ရွှေကောင်းကင် အမှတ်(၁) ရပ်ကွက်၊ ဗန္ဓုလပန်းခြံလမ်း၊ ဓနုဖြူ၊ ဧရာဝတီ တိုင်းဒေသကြီး။
၇၃။ Star Sky Blue ဘုန်းတော်တိုးရပ်ကွက်၊ အောင်မြေသာဇံမြို့နယ်၊ မန္တလေးမြို့။