စားသုံးရန်မသင့်သော အစားအသောက်များနှင့် ပတ်သက်၍ အများပြည်သူသိရှိရန် အသိပေးကြေညာချက်

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသည်အရည်အသွေးစစ်မှန်ကောင်းမွန်ပြီး ဘေးအန္တရာယ် ကင်းရှင်းသော အစားအသောက်များကို အများပြည်သူတို့ စားသုံးနိုင်ရန် စဉ်ဆက်မပြတ်စိစစ်ဆောင် ရွက်လျက် ရှိပါသည်။
ဈေးကွက်များတွင် ရောင်းချလျက်ရှိသော အစားအသောက်များကို ဈေးများ ကျောင်းမုန့်ဈေးတန်းများမှ ဝယ်ယူစစ်ဆေးရာ အောက်ဖော်ပြပါ အစားအသောက်များ၌ ခွင့်မပြုဆိုးဆေးများ ပါဝင်ခြင်းတို့ကြောင့် စားသုံးရန် မသင့်ကြောင်း အသိပေးကြေညာအပ်ပါသည်။
အစားအသောက်ထုတ်လုပ်၊ ဖြန့်ဖြူးရောင်းချသူများသည် အစားအသောက်တွင် သုံးစွဲရန် ခွင့်မပြုသော ဆိုးဆေးများကို လုံး၀ အသုံးမပြုရန်နှင့် လိုက်နာဆောင်ရွက်ခြင်းမရှိပါက အမျိုးသားအစားအသောက် ဥပဒေပုဒ်မ၂၈(က)အရ အရေးယူမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

အမှတ်တံဆိပ်နှင့် အစားသောက်အမျိုးအစားများ

စဉ် အစားအသောက်အမည် အမှတ်တံဆိပ် တွေ့ရှိချက်
၁။ ချယ်ရီသီး Tricer Cherry စာသားပါ Orange II (ခွင့်မပြုဆိုးဆေး)
၂။ ရောင်စုံဝေဖာချောင်း အမှတ်တံဆိပ်မပါ Rhodamine B (ခွင့်မပြုဆိုးဆေး)
၃။ ရောင်စုံဝေဖာလုံး အမှတ်တံဆိပ်မပါ Rhodamine B (ခွင့်မပြုဆိုးဆေး)
၄။ တုတ်ထိုးချိုချဉ် အမှတ်တံဆိပ်မပါ Sudan III (ခွင့်မပြုဆိုးဆေး)
၅။ လခြမ်းပုံချိုချဉ် အမှတ်တံဆိပ်မပါ Sudan III (ခွင့်မပြုဆိုးဆေး)
၆။ ခေါက်မုန့် (ပန်းရောင်) အမှတ်တံဆိပ်မပါ Sudan III (ခွင့်မပြုဆိုးဆေး)
၇။ မက်မန်းပေါင်း အမှတ်တံဆိပ်မပါ Rhodamine B (ခွင့်မပြုဆိုးဆေး)
၈။ ပဲလိပ်ပြာ အမှတ်တံဆိပ်မပါ Auramine O (ခွင့်မပြုဆိုးဆေး)
၉။ တုတ်ထိုးချိုချဉ်(ပြား) အမှတ်တံဆိပ်မပါ Rhodamine B (ခွင့်မပြုဆိုးဆေး)
၁၀။ တုတ်ထိုးချိုချဉ်(လုံး) အမှတ်တံဆိပ်မပါ Rhodamine B (ခွင့်မပြုဆိုးဆေး)
၁၁။ ဂျယ်လီ (လိမ္မော်ရောင်) Angry Bird စာသားပါ Orange II (ခွင့်မပြုဆိုးဆေး)
၁၂။ ငရုတ်ဆီ Lucky Fish Orange II (ခွင့်မပြုဆိုးဆေး)
၁၃။ နနွင်းမှုန့် ပစ်တိုင်းထောင် Sudan III (ခွင့်မပြုဆိုးဆေး)
၁၄။ အရောင်တင်မှုန့် ငွေငါး Sudan III (ခွင့်မပြုဆိုးဆေး)
၁၅။ အရောင်တင်မှုန့် မင်းထိုက်တန် စာသားပါ Sudan III (ခွင့်မပြုဆိုးဆေး)
၁၆။ အရောင်တင်မှုန့် ရွှေကံကောင်း Rhodamine B (ခွင့်မပြုဆိုးဆေး)
၁၇။ သကြားလုံး သစ်ဆန်း Rhodamine B (ခွင့်မပြုဆိုးဆေး)
၁၈။ ဆေးမန်ကျည်း (အစပ်) ထိုင်းဝမ်း Sudan III (ခွင့်မပြုဆိုးဆေး)

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန

16 thoughts on “စားသုံးရန်မသင့်သော အစားအသောက်များနှင့် ပတ်သက်၍ အများပြည်သူသိရှိရန် အသိပေးကြေညာချက်

Leave a Reply

Your email address will not be published.