စားသုံးရန်မသင့်သောအစားအသောက်များနှင့်ပတ်သက်၍ အများပြည်သူသိရှိရန် အသိပေးကြေညာချက်

ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာနသည် အရည်အသွေးစစ်မှန်ကောင်းမွန်ပြီး ဘေးအန္တရာယ် ကင်းရှင်းသော အစားအသောက်များကို အများပြည်သူတို့ စားသုံးနိုင်ရန် စဥ်ဆက်မပြတ် စိစစ်ဆောင်ရွက် လျက်ရှိပါသည်။ စျေးကွက်များတွင် ရောင်းချလျက်ရှိသောအစားအသောက်များကို ဈေးများ၊ ကျောင်းမုန့်ဈေးတန်း များမှ ၀ယ်ယူစစ်ဆေးရာ အောက်ဖော်ပြပါ အမှတ်တံဆိပ်များဖြင့် ထုတ်လုပ်သော အစားအသောက်များ ၌ အဏုဇီဝသတ်မှတ်ချက်နှင့် ကိုက်ညီမှုမရှိခြင်း၊ ခွင့်မပြုဆိုးဆေးများပါဝင်ခြင်းတို့ကြောင့် စားသုံးရန်မသင့် ကြောင်း အသိပေးကြေညာအပ်ပါသည်။ အစားအသောက်ထုတ်လုပ်၊ ဖြန့်ဖြူး၊ ရောင်းချသူများသည် အစားအသောက်တွင်သုံးစွဲရန် ခွင့်မပြုသောဆိုးဆေးများကို လုံး၀အသုံးမပြုရန်နှင့် လိုက်နာဆောင်ရွက်ခြင်းမရှိပါက အမျိုးသား အစားအသောက်ဥပဒေပုဒ်မ၂၈(က)အရ အရေးယူမည်ဖြစ်ကြောင်း သတိပေးအပ်ပါသည်။

အမှတ်တံဆိပ်နှင့်အစားအသောက်အမျိုးအစားများ

စဉ် အစားအသောက်အမည် အမှတ်တံဆိပ် တွေ့ရှိချက်
၁။ Jelly စာသားပါ အချိုရည်(ခရမ်းရောင်) Rhodamine B (ခွင့်မပြုဆိုးဆေး)
၂။ Jelly စာသားပါ အချိုရည်(ပန်းရောင်) Rhodamine B (ခွင့်မပြုဆိုးဆေး)
၃။ Jelly စာသားပါ အချိုရည်(အနီရောင်) Rhodamine B (ခွင့်မပြုဆိုးဆေး)
၄။ အမှတ်တံဆိပ်မပါ အချိုရည်(လိမ္မော်ရောင် ) Rhodamine B (ခွင့်မပြုဆိုးဆေး)
၅။ Cola အချိုရည်(အနီရောင်) Rhodamine B (ခွင့်မပြုဆိုးဆေး)
၆။ အမှတ်တံဆိပ်မပါ အချိုရည်(ပန်းရောင်) Rhodamine B (ခွင့်မပြုဆိုးဆေး)
၇။ အမှတ်တံဆိပ်မပါ အချိုရည်(အစိမ်းရောင်) Orange II (ခွင့်မပြုဆိုးဆေး)
၈။ အမှတ်တံဆိပ်မပါ ဝေဖာလုံး Rhodamine B (ခွင့်မပြုဆိုးဆေး)
၉။ Fruit Drink Juice အချိုရည်(လိမ္မော်ရောင်) Orange II (ခွင့်မပြုဆိုးဆေး)
၁၀။ Pineapple Juice အချိုရည်(ခရမ်းရောင်) Rhodamine B (ခွင့်မပြုဆိုးဆေး)
၁၁။ အချိုရည်(လိမ္မော်ရောင်) အမှတ်တံဆိပ် မပါ (Kitty ရုပ်ပုံပါ) Rhodamine B (ခွင့်မပြုဆိုးဆေး)

17 thoughts on “စားသုံးရန်မသင့်သောအစားအသောက်များနှင့်ပတ်သက်၍ အများပြည်သူသိရှိရန် အသိပေးကြေညာချက်

Leave a Reply

Your email address will not be published.