သုံးစွဲရန်မသင့်သောအလှကုန်ပစ္စည်းများကို အများပြည်သူသိရှိရန် အသိပေးကြေညာချက်
၁။ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် အရည်အသွေးစစ်မှန်ကောင်းမွန်၍ ကျန်းမာရေးအတွက် ဘေးအန္တရာယ် ကင်းရှင်းသော အလှကုန်ပစ္စည်းများကို အများပြည်သူတို့သုံးစွဲနိုင်ရန် စနစ်တကျ ကွပ်ကဲလျက် ရှိပါသည်။
၂။အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနသည် ပြည်တွင်း၌ရောင်းချနေသည့် အလှကုန်ပစ္စည်းများ ကို စစ်ဆေးခဲ့ရာ အောက်ဖော်ပြပါ အလှကုန်ပစ္စည်း(၇)မျိုးသည် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ၌ မှတ်တမ်းတင်ထားခြင်းမရှိသည့်အပြင် ကျန်းမာရေးအတွက် ဘေးအန္တရာယ်ဖြစ်စေနိုင်သော တားမြစ်ဓါတုပစ္စည်း များ ပါဝင်နေကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် အများပြည်သူလူထု သုံးစွဲရန်မသင့်တော်ပါကြောင်း အသိပေး နှိုးဆော်အပ်ပါသည်။
စဉ် | အလှကုန်ပစ္စည်းအမည် | ထုတ်လုပ်သည့်ကုမ္ပဏီ | တွေ့ရှိချက် |
---|---|---|---|
၁။ | JIAO LI Whitening Spots Removing Acne Kit (A,B,C) | တရုတ်ဘာသာဖြင့် ဖော်ပြထားပါသည်။ | Mercury (+) |
၂။ | QIAN LI Spots Removing Cream | တရုတ်ဘာသာဖြင့် ဖော်ပြထားပါသည်။ | Mercury (+) |
၃။ | zhanghua yao bao | တရုတ်ဘာသာဖြင့် ဖော်ပြထားပါသည်။ | Mercury (+) |
၄။ | S’Zitang Purely Natural Plant 7 Days Strong Whitening Anti-Speckle A & B Kit | တရုတ်ဘာသာဖြင့် ဖော်ပြထားပါသည်။ | Mercury (+) |
၅။ | HUA YUE NONG Egg White & Cherry 7 Days Specific Eliminating Freckle Whitening Cream | Shenzhen Spend Months Nong Cosmetics Co., Ltd., Taiwan | Mercury (+) |
၆။ | HUA YUE NONG 7 Days Plastic Whitening Regeneration Cream | တရုတ်ဘာသာဖြင့် ဖော်ပြထားပါသည်။ | Mercury (+) |
၇။ | Specific Eliminating Freckle Cream | တရုတ်ဘာသာဖြင့် ဖော်ပြထားပါသည်။ | Mercury (+) |
၃။အဆိပ်သင့်ဓါတုပစ္စည်း မာကျူရီ(ပြဒါး)သည် အရေပြားယားယံခြင်း၊ ရောင်ရမ်းခြင်း၊ အဖြူအနီကွက်များ ဖြစ်ခြင်း၊ အရေပြားမှတဆင့် ခန္ဓာကိုယ်အတွင်းသို့စုပ်ယူ၍ ထုံကျင်ခြင်း၊ ကြွက်သားတုန်ခါခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ ခေါင်းကိုက်ခြင်းနှင့် စိတ်ကျရောဂါများအပြင် ရေရှည်သုံးစွဲပါက ကျောက်ကပ်ပျက်စီးခြင်းနှင့် အခြားရောဂါများ ဖြစ်ပွားနိုင်ပါသည်။
၄။အလှကုန်ပစ္စည်း တင်သွင်း၊ ဖြန့်ဖြူး၊ ရောင်းချသည့်ကုမ္ပဏီနှင့် လက်လီလက်ကားဆိုင်များသည် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတွင် မှတ်တမ်းတင်ထားခြင်းမရှိသော အများပြည်သူသုံးစွဲရန် မသင့်ကြောင်း ကြေညာထားသည့် အလှကုန်ပစ္စည်းများ တင်သွင်း၊ ဖြန့်ဖြူး၊ ရောင်းချခြင်းများကို ကျင့်ဝတ်(Ethic) အရ လုံးဝမပြုလုပ်ရန်နှင့် လိုက်နာဆောင်ရွက်ခြင်းမရှိပါက သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းက ပြည်သူ့ ကျန်းမာရေးဆိုင်ရာ ဥပဒေပုဒ်မ ၃၊ အပိုဒ် (၃)(ဃ)အရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေး အပ်ပါသည်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန