အသင့်ထုပ်ပိုးထားသော အစားအသောက်များ အမှတ်တံဆိပ်ကပ်ခြင်းဆိုင်ရာအမိန့် (Labelling Order for Pre-packaged food) (အမိန့်ကြော်ငြာစာအမှတ် (၈/၂၀၂၂))
ပြည်သူများ ဘေးဥပါဒ်အန္တရာယ်ကင်းရှင်းပြီး အရည်အသွေးစစ်မှန် ကောင်းမွန်သော အစားအသောက်နှင့် ဆေးဝါးများကို ရရှိနိုင်ရန်နှင့်ဘေးဥပါဒ် အန္တရာယ်ဖြစ်စေနိုင်သော ကျန်းမာရေးကို ထိခိုက်စေနိုင်သော အစားအသောက်နှင့်ဆေးဝါးကို အများပြည်သူတို့စား သုံးခြင်းမှ ကာကွယ်နိုင်ရန် ရည်ရွယ်၍ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့ ဥပဒေ အမှတ် ၅/၉၇ ဖြင့် အမျိုးသား အစားအသောက် ဥပဒေကို ထုတ်ပြန်ခဲ့ပြီး ပြည်ထောင်စု လွှတ်တော် ဥပဒေ အမှတ် ၂၄/၂၀၁၃ ဖြင့် အမျိုးသား အစားအသောက် ဥပဒေကို ပြင်ဆင်သည့် ဥပဒေ ထုတ်ပြန်ခဲ့ပါသည်။
ယင်းဥပဒေ ပုဒ်မ ၃၈ ပုဒ်မခွဲ (ခ) အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကိုကျင့်သုံး၍ မြန်မာနိုင်ငံ အစားအသောက် နှင့် ဆေးဝါးအာဏာပိုင် အဖွဲ့သည် “အသင့်ထုပ်ပိုးထားသော အစားအသောက်များ အမှတ်တံဆိပ်ကပ်ခြင်းဆိုင်ရာ အမိန့်” ကို အစားအသောက် အသီးသီး၏ အရည်အသွေး၊ ဘေးအန္တရာယ်နှင့် ကျန်းမာရေးအတွက် လိုအပ်သော သတင်းအချက်အလက် များကို စားသုံးသူ ပြည်သူလူထုအား လုံလောက်စွာ အသိပေးနိုင်ရန်နှင့် လျော်ညီစွာ စားသုံးနိုင်စေရန်၊ အစားအသောက် ထုတ်လုပ်ခြင်း၊ ပြုပြင်ခြင်း၊ ထုပ်ပိုးခြင်း၊ ဖြန့်ဖြူးခြင်း၊ သိုလှောင်ခြင်း၊ ရောင်းချခြင်း၊ ပြည်တွင်းသို့ တင်သွင်းခြင်း၊ ပြည်ပသို့ တင်ပို့ခြင်း၊ ခင်းကျင်းပြသခြင်း၊ နမူနာ ပေးခြင်းပြုရာတွင် အမှတ်တံဆိပ် ဖော်ပြခြင်းကို ဒေသစံနှုန်း၊ နိုင်ငံတကာ စံနှုန်းများနှင့် အညီ ကျင့်သုံးဆောင်ရွက်နိုင်ရန်၊ အစားအသောက် ခြေရာခံစနစ်အား စနစ်တကျ အထောက်အပံ့ ဖြစ်စေရန် ရည်ရွယ်၍ အမိန့်ကြော်ငြာစာ အမှတ် ( ၈ /၂၀၂၂) ဖြင့် (၂၁-၁-၂၀၂၂) ရက်နေ့ကထုတ်ပြန်ခဲ့ပါသဖြင့် သိရှိ၍ လိုက်နာဆောင်ရွက်နိုင်ပါရန် အသိပေး အပ်ပါသည်။
Directive for Labelling of Pre-packaged Food ( Directive No. 8/2022 )
