ဖိတ်ကြားလွှာ

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှကြီးမှူးကျင်းပမည့် “မုန့်တီ၊ မုန့်ဖတ်နှင့် ခေါက်ဆွဲများတွင် ဖော်မလင်(Formalin) ကင်းစင်ပြီး ကျန်းမာရေးနှင့်ညီညွတ်အောင် ထုတ်လုပ်နိုင်ရေးအတွက် အသိပညာပေး အလုပ်ရုံဆွေးနွေးပွဲ” ကို အောက်ဖော်ပြပါအစီအစဉ်အတိုင်း ပြုလုပ်မည်ဖြစ်ပါ၍ မုန့်တီ၊ မုန့်ဖတ်နှင့် ခေါက်ဆွဲထုတ်လုပ်သည့် လုပ်ငန်းရှင်များနှင့် စိတ်ပါဝင်စားသူများအားလုံး မည်သူမဆို တတ်ရောက်ေလ့လာနိုင်ပါကြောင်း ဖိတ်ကြားအပ်ပါသည်။

နေ့ရက်။ ။ ၇-၁၀-၂၀၁၆(သောကြာနေ့)
အချိန်။ ။ နံနက်(၉:၀၀)နာရီမှ နေ့လည်(၁၂:၀၀)နာရီ
နေရာ။ ။ Dolphin Restaurant
ကန်တော်ကြီးမြေပဒေသာကျွန်း၊ နတ်မောက်လမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့၊

Leave a Reply

Your email address will not be published.