ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ပုံမှန်ကာကွယ်ဆေးထိုးလုပ်ငန်း၌ အိတ်ချ်ပီဗီ (Human Papillomavirus Vaccine – HPV) စတင်ထည့်သွင်းထိုးနှံခြင်း အစီအစဉ် ဗဟိုအဆင့်ဖွင့်ပွဲအခမ်းအနားသို့ ညွှန်ကြားရေးမှူးချုပ်တက်ရောက် ( October 20 -2020 )
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ၏ ဆောင်ရွက်ပေးလျက်ရှ်သော ပုံမှန်ကာကွယ်ဆေးထိုးလုပ်ငန်း၌ သားအိမ်ခေါင်းရောဂါ ကာကွယ်ဆေး (HPV)စတင်ထည့်သွင်း ထိုးနှံခြင်း အစီအစဉ် ဗဟိုအဆင့်ဖွင့်ပွဲအခမ်းအနားကို ယနေ့နေ့လည် (၁) နာရီ နေပြည်တော် MICC-2 တွင်ကျင်းပပြုလုပ်ခဲ့ရာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဗီဒီယိုမှတဆင့်အဖွင့်မိန့်ခွန်းပြောကြားခဲ့ပြီး ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးမှ ဝန်ကြီးဌာန၏ ကျန်းမာရေးစီမံချက် (၄၀) ကျော်အနက် တစ်ခုအပါအဝင်ဖြစ်သော တိုးချဲကာကွယ် ဆေးထိုးလုပ်ငန်းစီမံချက်၏ (၁၃) ခု မြောက် သားအိမ်ခေါင်းရောဂါ ကာကွယ်ဆေး(HPV) ထိုးနှံခြင်းအစီအစဉ်အားရှင်းလင်းပြောကြားခြင်း၊COVID-19 ရောဂါကာကွယ်ဆေးရရှိပါက ဆောင်ရွက်ရန်ပြင်ဆင်ထားရှိမှုများနှင့် ပူးပေါင်းနိုင်ရေးကိစ္စရပ်များအားရှင်းလင်းပြောကြားခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ပြည်တွင်း/ပြည်ပမှတာဝန်ရှိသူများ၊NGOများနှင့် သင်ဆိုင်ရာတာဝန်ရှိသူများမှ Online မှတဆင့်တက်ရောက်ခဲ့ကြပါသည်။