ရွှေ့လျားဓာတ်ခွဲယာဉ်(Mobile Lab Van)ဖြင့်ရှောင်တခင် ကွင်းဆင်းစစ်ဆေးခြင်း (၂-၁၂-၂၀၂၀)
ကရင်ပြည်နယ် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနသည် ၂.၁၂.၂၀၂၀ ရက်နေ့တွင် ဘားအံမြို့နယ်ပြည့်သူ့ကျန်းမာရေးဦးစီးဌာန နှင့် ပူးပေါင်း၍ ဘားအံမြို့၊အမှတ် (၇)ရပ်ကွက်နှင့် အမှတ်(၈)ရပ်ကွက် အတွင်းရှိ စားသောက်ကုန်ရောင်းချသော လက်လီ/လက်ကားဆိုင်ကြီးများတွင် တားမြစ်ထားသော အစားအသောက်များ နှင့် စားသုံးရန်မသင့်ဟု ထုတ်ပြန်ကြေညာ ထားသော အစားအသောက်များ ရောင်းချနေခြင်း ရှိ/မရှိကို ရွှေ့လျားဓာတ်ခွဲယာဉ်ဖြင့် ရှောင်တခင် ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။ ထို့အတူ သံသယရှိသော အစားအသောက် နမူနာပေါင်း(၂၅)မျိုးအားဝယ်ယူခဲ့ပြီး ၎င်းတို့အထဲမှ (၃) မျိုးအား ရွေ့လျားဓာတ်ခွဲယဉ်ပေါ်တွင်စစ်ဆေးခဲ့ရာ တားမြစ်ဓာတုပစ္စည်းနှင့် တားမြစ်ဆိုးဆေးများ မပါရှိကြောင်းတွေ့ရှိရပါသည်။ကျန် နမူနာများအား ပြည်နယ်ဓာတ်ခွဲခန်းတွင် ဆက်လက်စစ်ဆေးသွားမည်ဖြစ်ပါသည်။