Mobile Lab Van ဖြင့် ဈေးကွက်ထောက်လှမ်းစစ်ဆေးခြင်း (၃.၁၂.၂၀၂၀)
ရှမ်းပြည်နယ်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ တောင်ကြီးမြို့မှ တာဝန်ရှိသူများ သည် လွိုင်လင်ခရိုင်၊ လွိုင်လင်မြို့နယ်အစားအသောက်နှင့်ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီမှ အဖွဲ့ဝင်များနှင့်အတူ လွိုင်လင် မြို့နယ်၊မြို့မစျေး ရှိ အစားအသောက်များအား ရွေ့လျားဓါတ်ခွဲယာဉ်ဖြင့် ရှောင်တခင်ကွင်းဆင်းစစ်ဆေးခဲ့ပါသည်
စားသောက်ကုန်နမူနာ (၂၃)မျုိးအား ခွင့်မပြုဆိုး ဆေးနှင့် ဓါတုပစ္စည်းသုံးစွဲထားခြင်း ရှိ/မရှိ ရွေ့လျားဓါတ်ခွဲယာဉ်ပေါ်တွင် ချက်ချင်းစစ်ဆေးခဲ့ပြီး ခွင့်မပြုဆိုးဆေးသံသယရှိသော အစားအသောက်များတွေ့ရှိခြင်းမရှိပါ။
ထို့ပြင် အစားအသောက်ရောင်းချသူများကို အစားအသောက်များတွင် အသုံးမပြုသင့်သော ခွင့်မပြုဆိုးဆေး၊ ခွင့်မပြုအစားအသောက်ထပ်ဖြည့်ပစ္စည်းများနှင့်ပတ်သက်၍ စျေးတွင် ပညာပေးလက်ကမ်းစာစောင်းများ ဖြန့်ဝေခြင်း၊ ဗီနိုင်းများကပ်ခြင်းတို့ ပြုလုပ်ခဲ့ပါသည်။
ရှမ်းပြည်နယ်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန