ကယားပြည်နယ် ရှားတောမြို့နယ်အစားအသောက်နှင့်ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီဝင်များနှင့်အတူ ရှားတောမြို့ဈေးတန်းရှိကုန်စုံဆိုင် (၁၅)ဆိုင်အား ကွင်းဆင်းစစ်ဆေးခြင်း (၈.၁၂. ၂၀၂၀)
ကယားပြည်နယ်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ တာဝန်ရှိသူဝန်ထမ်းများသည် ရှားတောမြို့နယ်အစားအသောက်နှင့်ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီဝင်များနှင့်အတူ (၈.၁၂. ၂၀၂၀) ရက်နေ့တွင် ရှားတောမြို့ဈေးတန်းရှိကုန်စုံဆိုင် (၁၅)ဆိုင်အား ကွင်းဆင်းစစ်ဆေး၍ သံသယရှိသော အစားအသောက်များအား နမူနာကောက်ယူ၍ Mobile Laboratory (Test Kit only) ဖြင့် ဓာတ်ခွဲစစ်ဆေးခဲ့ရာ ခွင့်မပြုဓာတုပစ္စည်းများ သုံးစွဲထားခြင်းကိုမတွေ့ရှိခဲ့ရပါ။ ၎င်းကုန်စုံဆိုင်များတွင်တားမြစ်အစားအသောက်နှင့် သက်တမ်းလွန်အစားအသောက်များတွေ့ရှိခဲ့ပါသဖြင့် ကော်မတီအဖွဲ့ဝင်များ၏ဆုံးဖြတ်ချက်အရ အဆိုပါအစားအသောက်များအားသိမ်းဆည်းဖျက်ဆီးခဲ့ပါသည်။
ကွင်းဆင်းစစ်ဆေးစဥ် ကုန်စုံဆိုင်ပိုင်ရှင်များနှင့်ဈေးဆိုင်ပိုင်ရှင်များအား အစားအသောက်တွင် သုံးစွဲခွင့်မပြုဓာတုပစ္စည်းများ၊ခွင့်မပြုဆိုးဆေးများနှင့် တားမြစ်အစားအသောက်များ/အလှကုန်များနှင့်ပတ်သက်၍အသိပညာပေးခဲ့ပါသည်။