ထန်တလန်မြို့၊ မြို့မစျေးရှိ ကုန်စုံဆိုင်များအား ကွင်းဆင်းစစ်ဆေးအသိပညာပေးခြင်း ( December 17 – 2020 )

ချင်းပြည်နယ်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ထန်တလန်မြို့နယ် အစားအသောက်နှင့်ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီ အဖွဲ့ဝင်များနှင့် ပူးပေါင်း၍ (၁၇.၁၂.၂၀၂၀) ရက်နေ့တွင် ထန်တလန်မြို့၊ မြို့မစျေးရှိ ကုန်စုံဆိုင်များအား စားသုံးရန်မသင့်ဟု ထုတ်ပြန်ထားသော အစားအသောက်များ ရောင်းချခြင်းမရှိစေရေး ကွင်းဆင်းစစ်ဆေး အသိပညာပေးခြင်းနှင့် စျေးဆိုင်များတွင် ရောင်းချနေသော အစားအသောက်နမူနာ (၁၁) မျိုးအား ဝယ်ယူ၍ ရွေ့လျားဓာတ်ခွဲယာဥ် (Mobile Lab Van) ဖြင့် ဓာတ်ခွဲစစ်ဆေးခဲ့ရာ တားမြစ်ဓာတုပစ္စည်းများ ပါဝင်ခြင်းမရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့ပါသည်။