စားသုံးရန်မသင့်သောအစားအသောက်များနှင့်ပတ်သက်၍ အများပြည်သူသိရှိရန် အသိပေးကြေညာချက်

ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာနသည် အရည်အသွေးစစ်မှန်ကောင်းမွန်ပြီး ဘေးအန္တရာယ် ကင်းရှင်းသော အစားအသောက်များကို အများပြည်သူတို့ စားသုံးနိုင်ရန် စဥ်ဆက်မပြတ် စိစစ်ဆောင်ရွက် လျက်ရှိပါသည်။ စျေးကွက်များတွင် ရောင်းချလျက်ရှိသောအစားအသောက်များကို ဈေးများ၊ ကျောင်းမုန့်ဈေးတန်း များမှ ၀ယ်ယူစစ်ဆေးရာ အောက်ဖော်ပြပါ အမှတ်တံဆိပ်များဖြင့် ထုတ်လုပ်သော အစားအသောက်များ ၌ အဏုဇီဝသတ်မှတ်ချက်နှင်‌့ ကိုက်ညီမှုမရှိခြင်း၊ ခွင့်မပြုဆိုးဆေးများပါဝင်ခြင်းတို့ကြောင့် စားသုံးရန်မသင့် ကြောင်း အသိပေးကြေညာအပ်ပါသည်။ အစားအသောက်ထုတ်လုပ်၊ ဖြန့်ဖြူး၊ ရောင်းချသူများသည် အစားအသောက်တွင်သုံးစွဲရန် ခွင့်မပြုသောဆိုးဆေးများကို လုံး၀အသုံးမပြုရန်နှင့် လိုက်နာဆောင်ရွက်ခြင်းမရှိပါက အမျိုးသား အစားအသောက်ဥပဒေပုဒ်မ၂၈(က)အရ အရေးယူမည်ဖြစ်ကြောင်း သတိပေးအပ်ပါသည်။

အမှတ်တံဆိပ်နှင့်အစားအသောက်အမျိုးအစားများ

စဉ် အစားအသောက်အမည် အမှတ်တံဆိပ် တွေ့ရှိချက်
၁။ Jelly (ပန်းရောင်) ရွှေမင်း Rhodamine B(ခွင့်မပြုဆိုးဆေး)
၂။ ကြက်သွန်မုန့်ခြောက် လင်းစန္ဒာ Orange II (ခွင့်မပြုဆိုးဆေး)
၃။ ပဲကြီးလှော် ကောင်းလွန်း Auramine O (ခွင့်မပြုဆိုးဆေး)
၄။ ငရုတ်ဆီ သိန်းပျံ Orange II (ခွင့်မပြုဆိုးဆေး)
၅။ ရှာလကာရည် နဂါး Orange II (ခွင့်မပြုဆိုးဆေး)
၆။ ငရုတ်သီးမှုန့် မြရတီ (အဏုဇီဝသတ်မှတ်ချက်နှင့် ကိုက်ညီမှုမရှိပါ။)
Sudan III (ခွင့်မပြုဆိုးဆေး)
၇။ ရောင်စုံဝေဖာလုံး တရုတ်စာတန်း Rhodamine B (ခွင့်မပြုဆိုးဆေး)
၈။ ငရုတ်သီးအရောင်တင်မှုန့် ဟိန်း အဏုဇီဝသတ်မှတ်ချက်နှင့်ကိုက်ညီမှုမရှိပါ
Sudan III (ခွင့်မပြုဆိုးဆေး)
၉။ ပုဇွန်ငါးပိ ရွှေပုဇွန် Rhodamine B (ခွင့်မပြုဆိုးဆေး)
၁၀။ ငရုတ်သီးအရောင်တင်မှုန့် ပစ်တိုင်းထောင် Rhodamine B, Sudan III(ခွင့်မပြုဆိုးဆေး)
၁၁။ အရောင်တင်မှုန့် ရွှေသာစည် Sudan III (ခွင့်မပြုဆိုးဆေး)
၁၂။ အရောင်တင်မှုန့် ရွှေပင်ဆင့် Sudan III (ခွင့်မပြုဆိုးဆေး)
၁၃။ ငရုတ်ဆီ ဟိုင်းမင်း Orange II (ခွင့်မပြုဆိုးဆေး)
၁၄။ ငရုတ်ဆီ အစပ် သိန်းမင်း Orange II (ခွင့်မပြုဆိုးဆေး)
၁၅။ ငရုတ်ဆီ ငွေကျေးမင်း အဏုဇီဝသတ်မှတ်ချက်နှင့် ကိုက်ညီမှုမရှိပါ
၁၆။ ငရုတ်သီးအစိမ်းမှုန့် ညိုညို အဏုဇီဝသတ်မှတ်ချက်နှင့် ကိုက်ညီမှုမရှိပါ
၁၇။ ဆီတို့ဟူး ညိုညို အဏုဇီဝသတ်မှတ်ချက်နှင့် ကိုက်ညီမှုမရှိပါ
၁၈။ သရက်သီးသနပ် ညိုညို အဏုဇီဝသတ်မှတ်ချက်နှင့် ကိုက်ညီမှုမရှိပါ
၁၉။ နနွင်းမှုန့် ညိုညို အဏုဇီဝသတ်မှတ်ချက်နှင့် ကိုက်ညီမှုမရှိပါ
၂၀။ ချင်းချဥ် ရွှေပြည်သာ အဏုဇီဝသတ်မှတ်ချက်နှင့် ကိုက်ညီမှုမရှိပါ
၂၁။ တုတ်ထိုးသကြားလုံး အမှတ်တံဆိပ်မပါ Rhodamine B (ခွင့်မပြုဆိုးဆေး)
၂၂။ ပဲငါးပိချဥ်စပ် ကံ့ကော် အဏုဇီဝသတ်မှတ်ချက်နှင့် ကိုက်ညီမှုမရှိပါ
၂၃။ ငရုတ်ပွအရောင်တင်မှုန့် ပုရှယ် Sudan III (ခွင့်မပြုဆိုးဆေး)
၂၄။ ငရုတ်ဆီ ပုံပုံ Orange II (ခွင့်မပြုဆိုးဆေး)
၂၅။ ရောင်စုံသကြားလုံး စူပါ Rhodamine B , Auramine O, (ခွင့်မပြုဆိုးဆေး)
၂၆။ ရှယ်မျှင်ငါးပိထောင်း ရွှေဧရာ Rhodamine B (ခွင့်မပြုဆိုးဆေး)

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန