သုံးစွဲရန်မသင့်သောအလှကုန်ပစ္စည်းများကို အများပြည်သူသိရှိရန် အသိပေးကြေညာချက်
၁။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် အရည်အသွေးစစ်မှန်ကောင်းမွန်၍ ကျန်းမာရေးအတွက် ဘေးအန္တရာယ် ကင်းရှင်းသော အလှကုန်ပစ္စည်းများကို အများပြည်သူတို့ သုံးစွဲနိုင်ရန် စနစ်တကျ ကွပ်ကဲလျက် ရှိပါသည်။
၂။ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနသည် ပြည်တွင်း၌ရောင်းချနေသည့် အလှကုန်ပစ္စည်းများ ကို စစ်ဆေးခဲ့ရာ အောက်ဖော်ပြပါ အလှကုန်ပစ္စည်း(၆)မျိုးသည် ကျန်းမာရေးအတွက် ဘေးအန္တရာယ်ဖြစ်စေနိုင် သော တားမြစ်ဓါတုပစ္စည်း ပါဝင်နေကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် သုံးစွဲရန်မသင့်တော်ပါကြောင်း အသိပေး နှိုးဆော်အပ်ပါသည်။
စဉ် | အလှကုန်ပစ္စည်းအမည် | ထုတ်လုပ်သည့်ကုမ္ပဏီ | တွေ့ရှိချက် |
---|---|---|---|
၁။ | Jiaoli Miraculous Cream; 1, 2 | Harbin Gelidai Jiabao Cosmetics Co., Ltd., Nanyuan | Mercury (+) |
၂။ | Kone’ Facial Cream –Whitening Cream (4g) | Kone Natural Herb Co., Ltd., Thailand | Mercury (+) |
၃။ | Kim Whitening Pearl With Collagen Cream | ထိုင်းဘာသာဖြင့် ဖော်ပြထားပါသည်။ | Mercury (+) |
၄။ | Kim Whitening Pearl and Snow Lotus Cream | ထိုင်းဘာသာဖြင့် ဖော်ပြထားပါသည်။ | Mercury (+) |
၅။ | S’Zitang 7-Day Specific Whitening Anti-Speckle Cream | တရုတ်ဘာသာဖြင့် ဖော်ပြထားပါသည်။ | Mercury (+) |
၆။ | Shichade’ Japanese Rich Herb 3 in 1 Excellent Care | Made in Japan | Mercury (+) |
၃။ အဆိုပါအလှကုန်ပစ္စည်းများကို အများပြည်သူလူထု သုံးစွဲခြင်းမပြုကြရန်နှင့် ပြည်တွင်းဈေးကွက်တွင် တင်သွင်း၊ ဖြန့်ဖြူးရောင်းချနေမှုများကိုတွေ့ရှိပါက သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းက ပြည်သူ့ကျန်းမာရေး ဆိုင်ရာဥပဒေပုဒ်မ ၃၊ အပိုဒ် (၃)(ဃ)အရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတိပေးကြေညာအပ် ပါသည်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန