အများပြည်သူသိရှိရန်အသိပေးနှိုးဆော်ချက်

၁။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် အရည်အသွေးစစ်မှန်ကောင်းမွန်ပြီး၊ ဘေးဥပါဒ် အန္တရာယ်ကင်းရှင်းကာ အကျိုးအာနိသင်ရှိသောဆေးဝါးများကို အများပြည်သူတို့သုံးစွဲနိုင်ရန် စနစ် တကျစီစဉ်ကွပ်ကဲကြပ်မတ်လျက်ရှိပါသည်။
၂။ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနအနေဖြင့် ဈေးကွက်အတွင်းရှိ ဆေးဝါးများကို စိစစ်ခဲ့ရာ အောက်ဖော်ပြပါ ဆေးဝါး(၁၀)မျိုးသည် မြန်မာနိုင်ငံတွင် မှတ်ပုံတင်ထားခြင်းမရှိသော တရားမဝင်ဆေးဝါးများဖြစ်ကြောင်း စိစစ်တွေ့ရှိရပါသည်။

စဉ် ဆေးအမည် ဆေးဘူး/ ဆေးကဒ်တွင် ဖော်ပြချက်
၁။ Compound Ketoconazole Cream တရုတ်စာများဖြင့်ဖော်ပြထားပါသည်။
၂။ Chlorpheniramine Tablets (Chlorpheniramine maleate 4mg) K.B P’cal Co. Ltd, Bangkok
၃။ Cicatrin Powder (Neomycin sulphate BP 3300units/g, Bacitracin Zinc BP 250 units/g) GlaxoSmithKline Pakistan Ltd, Karachi
၄။ Chloramphenicol Capsules (Chloramphenicol BP 250mg) Jiangxi LB P’cal Co. Ltd, P.R.China
၅။ Chloramphenicol Palmitate Oral Suspension BP
[Chloramphenicol 125mg (as Chloramphenicol palmitate BP)]/5ml
Torque P’cals (P) Ltd
၆။ Buscopan Tablets (Hyoscine Butylbromide BP 10mg) Merck(Pvt) Ltd, Pakistan
၇။ Analjin-500 Tablet (Metamizole sodium 500mg) Shanxi Hengruida P’cal Co., Ltd,
၈။ Nifedipine Tablet 10mg Lin Fen Bao Zhu P’cal Co. Ltd.
၉။ Cycovit 25 Tablets [(Vitamin B12 (Cyanocobalamin25mcg)] Chalermchai Ltd, Partnership
၁၀။ Piyenchin Solution 10ml (Naphazoline HCl solution 1:1000) Jiangxi Xier Kangtai P’cal Co. Ltd.

၃။ အများပြည်သူများသည် မြန်မာနိုင်ငံတွင် မှတ်ပုံတင်ထားခြင်းမရှိသောဆေးဝါးများကိုဝယ်ယူ သုံးစွဲခြင်းမပြုကြရန်နှင့် မြန်မာနိုင်ငံတွင် မှတ်ပုံတင်ရရှိထားသောဆေးဝါးများကို ဆရာဝန်ညွှန်ကြား ချက်ဖြင့် ဝယ်ယူသုံးစွဲပါရန်၊ အသိပေးအပ်ပါသည်။ ထို့အပြင် ပြည်သူ့ကျန်းမာရေးအတွက်စောင့်ရှောက် မှုဆောင်ရွက်ပေးသူများအနေဖြင့် မိမိတို့သုံးစွဲနေသည့် ဆေးဝါးများနှင့်ပတ်သက်၍ သံသယဖြစ်ဖွယ် တစ်စုံတစ်ရာရှိပါက သတင်းပေးပို့အကြောင်းကြားနိုင်ပါကြောင်း အသိပေးနှိုးဆော်အပ်ပါသည်။
၄။ ဆေးဝါးတင်သွင်းဖြန့်ဖြူးသည့်ကုမ္ပဏီ၊ ဆေးဝါးရောင်းချသည့်ဆေးဆိုင်များသည် မြန်မာနိုင်ငံ တွင် မှတ်ပုံတင်ထားခြင်းမရှိသောဆေးဝါးများ၊ ဆေးဝါးအတု၊ စံမညီဆေးဝါးများကိုတင်သွင်းဖြန့်ဖြူး ရောင်းချခြင်း(လက်လီ/ လက်ကား) လုံးဝမပြုရန်နှင့် လိုက်နာဆောင်ရွက်ခြင်းမရှိပါက သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းက အမျိုးသားဆေးဝါးဥပဒေပုဒ်မ(၁၈)အရ တရားစွဲဆိုအရေးယူမည်ဖြစ် ပါကြောင်း အသိပေးအပ်ပါသည်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန

25,175 thoughts on “အများပြည်သူသိရှိရန်အသိပေးနှိုးဆော်ချက်