သုံးစွဲရန်မသင့်သော အလှကုန်ပစ္စည်းကို အများပြည်သူသိရှိရန် အသိပေးကြေညာချက်

၁။ ကျန်းမာရေးဝန်ကြီးဌာနသည် အရည်အသွေးစစ်မှန်ကောင်းမွန်၍ ကျန်းမာရေးအတွက် ဘေးအန္တရာယ်ကင်းရှင်းသော အလှကုန်ပစ္စည်းများကို အများပြည်သူတို့ သုံးစွဲနိုင်ရန် စနစ်တကျ ကွပ်ကဲလျက်ရှိပါသည်။
၂။ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနသည် ပြည်တွင်း၌ရောင်းချနေသည့် အလှကုန် ပစ္စည်းများကို စစ်ဆေးခဲ့ရာ အောက်ဖော်ပြပါ အလှကုန်ပစ္စည်း(၁)မျိုးသည် ကျန်းမာရေးအတွက် ဘေးအန္တရာယ်ဖြစ်စေနိုင်သော တားမြစ်ဓါတုပစ္စည်းပါဝင်နေကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် သုံးစွဲရန် မသင့်တော်ပါကြောင်း အသိပေးနှိုးဆော်အပ်ပါသည်။
အလှကုန်ပစ္စည်းအမည် -Kone’ Facial Cream-Sunscreen Lotion (25ml)
ထုတ်လုပ်သည့်ကုမ္ပဏီ -Kone Natural Herb Co., Ltd., Thailand
တွေ့ရှိချက် -Hydroquinone
၃။ အဆိုပါအလှကုန်ပစ္စည်းကို အများပြည်သူလူထု သုံးစွဲခြင်းမပြုကြရန်နှင့် ပြည်တွင်းစျေးကွက်တွင် တင်သွင်း၊ ဖြန့်ဖြူးရောင်းချနေမှုများကိုတွေ့ရှိပါက သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းက ပြည်သူ့ ကျန်းမာရေးဆိုင်ရာဥပဒေပုဒ်မ ၃၊ အပို်ဒ် (၃) (ဃ)အရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။

ကျန်းမာရေးဝန်ကြီးဌာန

Leave a Reply

Your email address will not be published.