သုံးစွဲရန်မသင့်သောအလှကုန်ပစ္စည်းများကိုအများပြည်သူသိရှိရန် အသိပေးကြေညာချက်

၁။ ကျန်းမာရေးဝန်ကြီးဌာနသည် အရည်အသွေးစစ်မှန်ကောင်းမွန်၍ ကျန်းမာရေးအတွက် ဘေးအန္တရာယ်ကင်းရှင်းသော အလှကုန်ပစ္စည်းများကို အများပြည်သူတို့ သုံးစွဲနိုင်ရန် စနစ်တကျ ကွပ်ကဲလျက်ရှိပါသည်။
၂။ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနသည် ပြည်တွင်း၌ရောင်းချနေသည့် အလှကုန်ပစ္စည်းများကို စစ်ဆေးခဲ့ရာအောက်ဖော်ပြပါ အလှကုန်ပစ္စည်း(၂)မျိုးသည် ကျန်းမာရေး အတွက် ဘေးအန္တရာယ်ဖြစ်စေနိုင်သော တားမြစ်ဓါတုပစ္စည်းပါဝင်နေကြောင်း စစ်ဆေးတွေ့ရှိ ရသဖြင့် သုံးစွဲရန်မသင့်တော်ပါကြောင်း အသိပေးနှိုးဆော် အပ်ပါသည်။

စဉ် အလှကုန်ပစ္စည်းအမည် ထုတ်လုပ်သည့်ကုမ္ပဏီ တွေ့ရှိချက်
၁။ FOREVER YOUNG Phytocelltec Alp Rose Facial Cell Boosting Mask Seafarers South East Inter Trade Co., Ltd./ Doctor-Pharma Co., Ltd.,Product of Thailand Clobetasol propionate(+)
၂။ FOREVER YOUNG White Active Radiance 3 Triple Nourishment Seafarers South East Inter Trade Co., Ltd./ Doctor-Pharma Co., Ltd.,Product of Thailand Clobetasol propionate(+)

၃။ အဆိုပါအလှကုန်ပစ္စည်းကို အများပြည်သူလူထုသုံးစွဲခြင်း မပြုကြရန်နှင့် ပြည်တွင်း ဈေးကွက်တွင် တင်သွင်း၊ ဖြန့်ဖြူးရောင်းချနေမှုများကိုတွေ့ရှိပါက သက်ဆိုင်ရာအာဏာပိုင် အဖွဲ့အစည်းက ပြည်သူ့ကျန်းမာရေးဆိုင်ရာ ဥပဒေပုဒ်မ ၃၊ အပိုဒ် (၃)(ဃ)အရ အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။

ကျန်းမာရေးဝန်ကြီးဌာန