အများပြည်သူသိရှိစေရန်

ဂျွန်ဆင် ကလေးပေါင်ဒါ သုံးစွဲ၍ သားဥအိမ်ကင်ဆာ ဖြစ်ပွားစေကြောင်း အင်တာနက်သတင်းများ ထွက်ပေါ်လျှက်ရှိပါသည်။ ၎င်းပေါင်ဒါတွင် ပါဝင်သော Talcum နှင့် သားဥအိမ်ကင်ဆာ ဆက်စပ်မှုရှိသည့် ဆေးပညာရပ်ဆိုင်ရာတွေ့ရှိချက်များကို ယခုအချိန်ထိ အတည်ပြု ဖော်ပြခြင်းမျိုး မရှိသေးပါ။ အနောက်နိုင်ငံများနှင့် အာဆီယံနိုင်ငံများတွင် ဂျွန်ဆင်ပေါင်ဒါများကို စျေးကွက်မှ ရုပ်သိမ်းခြင်း၊ တားမြစ်ခြင်းများ မရှိသေးပါ။ မြန်မာနိုင်ငံသည်လည်း ASEAN Cosmetics Alert System နှင့် ဆက်သွယ်၍ ဂျွန်ဆင်ပေါင်ဒါနှင့် စပ်လျဉ်းသည့် ပြည်သူ့ကျန်းမာရေးထိခိုက်စေနိုင်သော ကိစ္စရပ်များကို စောင့်ကြည့်လေ့လာလျှက်ရှိပါသည်။