မြေပဲဆီများနှင့်ပတ်သက်၍ အများပြည်သူသိရှိရန် အသိပေးကြေညာချက်
ကျန်းမာရေး၀န်ကြီးဌာနသည် အရည်အသွေးစစ်မှန်ကောင်းမွန်ပြီး ဘေးအန္တရာယ်ကင်းရှင်း သောအစားအသောက်များကိုအများပြည်သူတို့ စားသုံးနိုင်ရန် စဉ်ဆက်မပြတ် ဆောင်ရွက်လျက် ရှိသည်။ဈေးကွက်များတွင် ရောင်းချလျက်ရှိသော အောက်ဖော်ပြပါစားသုံးဆီအမှတ်တံဆိပ်များမှာ မြေပဲဆီဟုဖော်ပြထားပြီးမြေပဲဆီအစစ်မဟုတ်ဘဲ စားအုန်းဆီနှင့်အခြားစားသုံးဆီအရောများ ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် အမှတ်တံဆိပ်ပါဖော်ပြချက်နှင့် ကိုက်ညီမှုမရှိသည့် စံမညီစားသုံးဆီများ ဖြစ်ကြောင်းအများပြည်သူသိရှိနိုင်ရန် အသိပေးကြေညာအပ်ပါသည်။
အဆိုပါ အမှတ်တံဆိပ်ဖြင့် မြေပဲဆီထုတ်လုပ်သည့်လုပ်ငန်းများအနေဖြင့် အဆိုပါစံမညီ စားသုံးဆီများအားဈေးကွက်မှ အမြန်ဆုံးပြန်လည်ရုတ်သိမ်းသွားရန်နှင့် ဆက်လက်ထုတ်လုပ်ရောင်းချ ကြောင်းစီစစ်တွေ့ရှိရပါက အမျိုးသားအစားအသောက်ဥပဒေပုဒ်မ၂၈(ခ)အရ အရေးယူသွားမည်ဖြစ် ကြောင်းသတိပေးအပ်ပါသည်။
လုပ်သားပြည်သူများ၏ နေ့စဉ်မရှိမဖြစ်စားသုံးဆီများသည် သတ်မှတ်စံနှုန်းများနှင့် ညီညွတ် စေရန်အတွက် ဈေးကွက်များရှိစားသုံးဆီများအား ဆက်လက်စစ်ဆေးဖော်ထုတ်ကြပ်မတ်ဆောင်ရွက် သွားမည်ဖြစ်ကြောင်းဖော်ပြအပ်ပါသည်။
အမှတ်တံဆိပ်နှင့်အစားအသောက်အမျိုးအစားများ
| စဉ် | အမှတ်တံဆိပ် | အစားအသောက် အမျိုးအစား ဖော်ပြချက် | ထုတ်လုပ်သည့် လုပ်ငန်းအမည်နှင့် လိပ်စာ | စီစစ်တွေ့ရှိချက် |
|---|---|---|---|---|
| ၁။ | တော်ဝင်နဒီ | Peanut Oil | အမှတ်(၉၀၀)၊ ဗိုလ်ချုပ်လမ်းမကြီး၊ အဆင့်မြင့်(၅)ရပ်ကွက်၊ လှိုင်သာယာမြို့နယ်၊ ရန်ကုန်မြို့။ | စားအုန်းဆီဖြစ်ပါသည်။ |
| ၂။ | Lucky | မြေပဲဆီ | ဖော်ပြမထားပါ။ | စားအုန်းဆီဖြစ်ပါသည်။ |
| ၃။ | SS | မြေပဲဆီ | ဖော်ပြမထားပါ။ | စားအုန်းဆီဖြစ်ပါသည်။ |
| ၄။ | ရွှေမိုး | မြေပဲဆီ | ဖော်ပြမထားပါ။ | စားသုံးဆီအရောဖြစ်ပါသည်။ |
| ၅။ | စိန်သရဖူ | မြေပဲဆီသန့် | ချိုသစ္စာကုမ္ပဏီလီမိတက်၅၂/၅၅ မေဖလားဝါးလမ်း၊ နဝဒေးအိမ်ရာ၊ လှိုင်သာယာမြို့နယ်၊ ရန်ကုန်မြို့ | စားသုံးဆီအရောဖြစ်ပါသည်။ |
| ၆။ | Family | မြေပဲဆီသန့် | အမှတ်-၅၂၀, အဝေရာလမ်း၊ နံ့သာကုန်း၊ အင်းစိန်မြို့နယ်၊ ရန်ကုန်မြို့။ | စားသုံးဆီအရောဖြစ်ပါသည်။ |
| ၇။ | စံထိပ်တန်း | မြေပဲဆီ | ဖော်ပြမထားပါ။ | စားသုံးဆီအရောဖြစ်ပါသည်။ |
| ၈။ | ရွှေစင် | မြေပဲဆီ | ဖော်ပြမထားပါ။ | စားသုံးဆီအရောဖြစ်ပါသည်။ |
| ၉။ | ညွန့်ဌေး | မြေပဲဆီသန့် | အမှတ်(၁၂)၊ ၂၇x ၂၈လမ်းကြား၊ ၈၇ လမ်း၊ မန္တလေးမြို့။ | စားသုံးဆီအရောဖြစ်ပါသည်။ |
| ၁၀။ | ရွှေကမ္ဘာ | အဆင့်မြင့် ပဲဆီသန့် | ဖော်ပြမထားပါ။ | စားသုံးဆီအရောဖြစ်ပါသည်။ |
| ၁၁။ | စိန်တောင်တန်း | မြေပဲဆီသန့် | တံခွန်တိုင်ဘူတာအနီး၊ တံခွန်တိုင်ရပ်ကွက်၊ ပြည်ကြီီးတံခွန်မြို့နယ်၊ မန္တလေးမြို့။ | စားသုံးဆီအရောဖြစ်ပါသည်။ |
| ၁၂။ | အိုကေစီ/OKC | မြေပဲဆီသန့် | Super Power Food Production, East Dagon, Yangon | စားသုံးဆီအရောဖြစ်ပါသည်။ |
| ၁၃။ | Quality | 100% Pure Groundnut Oil | A Quality Product of Myat Distribution Group | စားသုံးဆီအရောဖြစ်ပါသည်။ |
| ၁၄။ | ရွှေတောင် | ပဲဆီသန့် | အမှတ်(၈၅)၊ ၈၅ လမ်း၊ ၃၁x၃၂ကြား၊ မလွန်ရပ်၊ မန္တလေးမြို့။ | စားသုံးဆီအရောဖြစ်ပါသည်။ |
| ၁၅။ | ကောင်းထက်ကျော် | ပဲဆီ | စက်ရုံ-၃၂ x ၃၃ ကြား၊ ၈၉x ၉၀ ကြား၊ ဒေးဝန်းလမ်းမကြီး၊ မန္တလေးမြို့။ | စားသုံးဆီအရောဖြစ်ပါသည်။ |
| ၁၆။ | ကောင်းကြိုက် | ပဲဆီသန့် | ဖော်ပြမထားပါ။ | စားသုံးဆီအရောဖြစ်ပါသည်။ |
| ၁၇။ | အင်းဝ | ပဲဆီသန့် | အမှတ်(၈၅)၊ ၈၅ လမ်း၊ ၃၁x၃၂ ကြား၊ မလွန်ရပ်၊ မန္တလေးမြို့။ | စားသုံးဆီအရောဖြစ်ပါသည်။ |
| ၁၈။ | အေးမြတ်မွန် | ပဲဆီသန့် | (၈၅)လမ်း၊ ၃၀ x၃၁ လမ်းကြား၊ မန္တလေးမြို့။ | စားသုံးဆီအရောဖြစ်ပါသည်။ |
ကျန်းမာရေးဝန်ကြီးဌာန
