အရည်အသွေးအာမခံချက်မရှိသော သောက်ရေသန့်များနှင့်ပတ်သက်၍ အများပြည်သူသိရှိရန် အသိပေးကြေညာချက်
၁။ ကျန်းမာရေးဝန်ကြီးဌာနသည် အရည်အသွေးစစ်မှန်ကောင်းမွန်ပြီး ဘေးအန္တရာယ်ကင်းရှင်းသော အစားအသောက်များကိုအများပြည်သူတို့စားသုံးနိုင်ရန် စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိသည်။
၂။ ဈေးကွက်ထောက်လှမ်းစီစစ်ချက်အရ အောက်ဖော်ပြပါ သောက်ရေသန့်များမှာ အစား အသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှအရည်အသွေးစီစစ်ထောက်ခံထားသည့် သောက်ရေသန့်များမဟုတ်ပါကြောင်းနှင့် သောက်ရေသန့်သတ်မှတ်ချက်နှင့်ကိုက်ညီမှုမရှိကြောင်း တွေ့ရှိ ရပါသဖြင့် အရေးယူဆောင်ရွက်လျက်ရှိပါသည်။
| စဉ် | သောက်ရေသန့်အမှတ်တံဆိပ် | လုပ်ငန်းလိပ်စာ | |
|---|---|---|---|
| ၁။ | ပစ်တိုင်းထောင် | အမှတ်(၃၆၁/က)၊ တေးဥယျာဉ်(၃)လမ်း၊ (၇) ရပ်ကွက်၊ လှိုင်သာယာ မြို့နယ်၊ ရန်ကုန်မြို့။ | |
| ၂။ | MT | အမှတ်(၃၆၁/က)၊ တေးဥယျာဉ်(၃)လမ်း၊ (၇) ရပ်ကွက်၊ လှိုင်သာယာ မြို့နယ်၊ ရန်ကုန်မြို့။ | |
| ၃။ | နှင်းပန်း | အမှတ်(၂၀၃)၊ အောင်သိဒ္ဓိလမ်း၊ (၁၂) ရပ်ကွက်၊ လှိုင်သာယာမြို့နယ်၊ ရန်ကုန်မြို့။ | |
| ၄။ | လမင်းစံ | အမှတ်(၁၇၆၊ ၁၇၇)၊ ဇမ္ဗူအေး(၆)လမ်း၊ (၁၂) ရပ်ကွက်၊ လှိုင်သာယာမြို့နယ်၊ ရန်ကုန်မြို့။ | |
| ၅။ | Boon | အမှတ်(၄၀၁/ခ)၊ သီရိမာလာလမ်း၊ (၁၉/က) ရပ်ကွက်၊ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်၊ ရန်ကုန်မြို့။ | |
| ၆။ | ရွှေငါး | အမှတ်(၁၀၅/က)၊ (၇၂) ရပ်ကွက်၊ သဇင်လမ်းနှင့် ကံ့ကော်လမ်းထောင့်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ ရန်ကုန်မြို့။ | |
| ၇။ | မြမြင့်မိုရ် | အမှတ်(၂၂)၊ ကျွန်းရွှေမှန်(၁)လမ်း၊ (၁၈) ရပ်ကွက်၊ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်၊ ရန်ကုန်မြို့။ | |
| ၈။ | သီတာဇော် | အမှတ်(၆၃)၊ ခိုင်သဇင်လမ်း၊ ကစင်၊ လှိုင်သာယာမြို့နယ်၊ ရန်ကုန်မြို့။ | |
| ၉။ | Min Min (မင်းမင်း) | အမှတ်(၂၆)၊ ရွှေလင်ဗန်း၊ ရွှေမြင့်မိုရ်ပတ်လမ်း၊ လှိုင်သာယာမြို့နယ်၊ ရန်ကုန်မြို့။ | |
| ၁၀။ | Geo-Aqua | အမှတ်တံဆိပ်ပေါ်တွင် လိပ်စာဖော်ပြထားခြင်းမရှိပါ။ | |
| ၁၁။ | အောင်သန်းထိုက် | အေးမြို့ကျေးရွာ၊ ထန်းတပင်မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။ | |
| ၁၂။ | မိုးကြယ် (Moe Star) | ရွှေစင်သောက်ရေသန့်စက်ရုံ၊ အမှတ်(၂၄၅)၊ သန်လျက်စွန်းလမ်း၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်မြို့။ | |
| ၁၃။ | Y2K | အမှတ်တံဆိပ်ပေါ်တွင် လိပ်စာဖော်ပြထားခြင်းမရှိပါ။ | |
| ၁၄။ | DRAGON | (၀-၁၀ x ၂၀)၊ မြဝတီမင်းကြီးလမ်းနှင့်ကျွဲဆည်ကန်လမ်း၊ ၆၄ x ၆၅လမ်းကြား၊ ပြည်ကြီးတံခွန်မြို့နယ်၊ မန္တလေးမြို့။ | |
| ၁၅။ | ဧရာဦး | အမှတ်-၁၀၅/၄၂၊ အကွက်-၄ခ၊ ရွှေပဒေသာလမ်း၊ နောက်တိုးရပ်ကွက်၊ အောင်မြေသာစံမြို့နယ်၊ မန္တလေးမြို့။ | |
| ၁၆။ | Shwe Myanmar | ယ-၇၊ ၆၈ လမ်း၊ မြဝတီမင်းကြီးလမ်းနှင့်ဝေသာလီလမ်း ကြား၊ ပြည်ကြီးတံခွန်မြို့နယ်၊ မန္တလေးမြို့။ | |
| ၁၇။ | နဒီ (ရေသန့်ရေခဲ) | အမှတ်(၁၃၆/၁၃၇)၊ ၆၄ x ၆၅လမ်းကြား၊ သ-၉၊ သာယာဝတီမင်းကြီးလမ်းအနီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ မန္တလေးမြို့။ | |
| ၁၈။ | ဆန္ဒပြည့် | နန-၁၄/၂၄၊ လမ်း ၆၀ (A-B)ကြား၊ စံပြလမ်းနှင့်သခင် ဖိုးလှကြီးလမ်းကြား၊ စက်မှု-၁၊ ပြည်ကြီးတံခွန်မြို့နယ်၊ မန္တလေးမြို့။ | |
| ၁၉။ | Skyline | ဃ-၆/၂၂၊ လမ်းသွယ်(၁၅)၊ (က) ရပ်ကွက်၊ မြဝတီ မင်းကြီးလမ်း၊ ပြည်ကြီးတံခွန်မြို့နယ်၊ မန္တလေးမြို့။ | |
| ၂၀။ | CLEAN | C-13၊ ရတနာပုံ(စ)ဈေးအနောက်ဘက်တန်း၊ ၅၉ လမ်း၊ (စ) ရပ်ကွက်၊ ပြည်ကြီးတံခွန်မြို့နယ်၊ မန္တလေးမြို့။ | |
| ၂၁။ | လမင်းသာ | အကွက်(၄၂၀)၊ မာလကာခြံ၊ မင်္ဂလာတံတားအနီး၊ မဟာအောင်မြေမြို့နယ်၊ မန္တလေးမြို့။ | |
| ၂၂။ | Good Luck | အမှတ်-၂၇၊ Block-15၊ နန်းရှေ့၊ အောင်မြေသာစံမြို့နယ်၊ မန္တလေးမြို့။ |
၃။ အစားအသောက်(သောက်ရေသန့်) ထုတ်လုပ်ရန်ထောက်ခံချက်မရှိဘဲ ဆက်လက်ထုတ်လုပ်၊ ဖြန့်ဖြူး၊ ရောင်းချကြောင်း စီစစ်တွေ့ရှိရပါက အမျိုးသားအစားအသောက်ဥပဒေအရ အရေးယူ သွားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။
ကျန်းမာရေး၀န်ကြီးဌာန
