ကျန်းမာရေးဝန်ကြီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (နေပြည်တော်)၏ အများပြည်သူသိရှိရန် အသိပေးကြေငြာချက်
လေးစားအပ်ပါသော မိဘပြည်သူများ သိရှိစေရန်
ကျန်းမာရေးဝန်ကြီးဌာန အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနသည် ယခုအခါ မိဘပြည်သူများ၏ ကျန်းမာရေး ဖွံ့ဖြိုးတိုးတက်စေရန်အလို့ငှာလည်းကောင်း ပြည်သူများ ဘေးကင်းလုံခြုံစိတ်ချ ရသော အစားအသောက်များ၊ ဆေးဝါးများ နှင့် အလှကုန်ပစ္စည်းများ ဝယ်ယူသုံးစွဲနိုင်စေရန်အလို့ငှာလည်းကောင်း နိုင်ငံတော်မှ ချမှတ်ထားသော ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများဖြင့် ကာကွယ်ထိန်းချုပ်ခြင်းလုပ်ငန်းများကို အရှိန်အဟုန်မြှင့်လျက် ဆောင်ရွက်နေပြီြဖစ်ပါသည်။ သို့ဖြစ်ပါ၍ မိဘပြည်သူများအနေဖြင့် အစားအသောက်၊ ဆေးဝါးနှင့်အလှကုန်ပစ္စည်းများဆိုင်ရာ ကိစ္စရပ်များအတွက် မေးမြန်းစုံစမ်းလိုသည့်အခါတွင်လည်းကောင်း မိမိတို့ ပတ်ဝန်းကျင်၌ သံသယရှိသော ကျန်းမာရေးကို ထိခိုက်စေနိုင်သော အစားအသောက်၊ ဆေးဝါးနှင့် အလှကုန် ပစ္စည်းများ ထုတ်လုပ်ရောင်းချခြင်း၊ ဖြန့်ဖြူးခြင်းနှင့် ပြည်သူများအကြားတွင် ဝယ်ယူသုံးစွဲရန် နည်းမျိုးစုံဖြင့် လိုက်လံစည်းရုံးခြင်း ကြော်ငြာခြင်းစသည့် သတင်းအချက်အလက်များ ပေးပို့လိုသည့်အခါတွင်လည်းကောင်း အောက်ဖော်ပြပါ ဖုန်းနံပါတ်များနှင့် အီးမေးလိပ်စာသို့ ဆက်သွယ်၍ သတင်းပေးတိုင်ကြားနိုင်ပြီဖြစ်ပါကြောင်း အသိပေးကြေငြာအပ်ပါသည်။
ညွှန်ကြားရေးမှူးချုပ်
အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန
နေပြည်တော်
(၁) ဒေါက်တာထွန်းဇော် (ညွှန်ကြားရေးမှူး/အစားအသောက်ဌာနခွဲ) – ၀၆၇ – ၄၀၃၁၆၇
(၂) ဒေါက်တာသိင်္ဂီဇင် (ညွှန်ကြားရေးမှူး/ဆေးဝါးဌာနခွဲ) – ၀၆၇ – ၄၀၃၀၇၃
(၃) ဒေါက်တာဒေါ်ခင်ချစ် (ညွှန်ကြားရေးမှူး/ဓါတ်ခွဲဌာနခွဲ) – ၀၆၇ – ၄၀၃၁၆၉
(၄) ဒေါက်တာသဇင်ရီလှိုင် (ညွှန်ကြားရေးမှူး/အလှကုန်၊ဆေးပစ္စည်းဌာနခွဲ) – ၀၆၇ – ၄၀၃၂၄၂
(၆) ဒေါက်တာဇင်ဇင်နွယ် (ညွှန်ကြားရေးမှူး/ရန်ကုန်တိုင်းဒေသကြီး) – ၀၁ – ၃၇၇၀၂၉
(၇) ဒေါက်တာဒေါ်ခင်စောလှ(ညွှန်ကြားရေးမှူး/မန္တလေးတိုင်းဒေသကြီး) – ၀၂ – ၆၂၁၁၈, – ၀၉ – ၆၅၀၀၂၈၅
(၅) စီမံရေးဌာနခွဲ၊ နေပြည်တော် – ၀၆၇ – ၄၀၃၆၀၉
ဒေါက်တာထွန်းလင်းအောင် (လက်ထောက်ညွှန်ကြားရေးမှူး/စီမံ) fdanpt1@gmail.com
ဒေါက်တာဥက္ကာဖြိုး၊ ဒေါက်တာရန်လင်းမောင်၊ ဒေါက်တာမိုးမြင့်ဟိန်း (ဦးစီးအရာရှိ/စီမံ)
