HRH Key Stakeholders Meeting (Semi-Virtual Meeting)သို့ညွှန်ကြားရေးမှူးချုပ်တက်ရောက်

၂၀၂၀ပြည့်နှစ် ဩဂုတ်လ ၂၇ ရက်၊နေပြည်တော်။

HRH Key Stakeholders Meeting (Semi-Virtual Meeting)အား နေပြည်တော် Park Royal Hotelတွင် ကျန်းမာရေးလူ့စွမ်းအား အရင်းအမြစ်ဦးစီးဌာနမှကြီးမှူး၍ Access to Health & Jhpiego INGO အဖွဲ့အစည်းများနှင့် ပူးပေါင်း ကျင်းပပြုလုပ်ခဲ့ပြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်ပါမောက္ခဒေါက်တာခင်ဇော် နှင့် ကျန်းမာရေးလူ့စွမ်းအား အရင်းအမြစ်ဦးစီးဌာနမှတာဝန်ရှိသူများတက်ရောက်ခဲ့ကြပါသည်။ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရှိ ဦးစီးဌာနများ၊ ဆေးနှင့်ဆေးဘက်ဆိုင်ရာတက္ကသိုလ်များနှင့် Key Stakeholders များမှ Virtual meeting ဖြင့်တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။
အဆိုပါဆွေး‌နွေးပွဲတွင် (2018-2021) Myanmar Human Resource for Health Strategic Plan မှဦးစားပေးဆောင်ရွက်မည့် နယ်ပယ်များအား ဆောင်ရွက်ပြီးစီးမှုအခြေအနေများအားသုံးသပ်ပြီး အမျိုးသားကျန်းမာ‌ရေးစီမံချက်နှင့် ကိုက်ညီ‌မှုရှိစေရေးအတွက်စီမံကိန်းရေးဆွဲခြင်း၊ အရည်အသွေးထိန်းညှိခြင်း နှင့်ပြန်လည်ဆန်းစစ်သုံးသပ်၍‌ ဆောင်ရွက်ခြင်းစသည့်ကျန်းမာရေးဆိုင်ရာကိစ္စရပ်များ၊Heath information and management system ဆောင်ရွက်ထားရှိမှုများ၊ Virtual meeting မှတဆင့် Stakeholders များက လက်တွေ့ဆောင်ရွက်ရာတွင် တွေ့ကြုံနေရသော/တွေ့ကြုံနိုင်သော အခြေအနေများအားတင်ပြခြင်းနှင့်အကြံပြုချက်များဆွေးနွေးညှိနှိုင်းခြင်းများပြုလုပ်ခဲ့ကြပါသည်။

Sharing is caring!