လက်ပံတန်းမြို့နယ်အတွင်းရှိ ဆေးဆိုင်များနှင့် စတိုးဆိုင်များအားကွင်းဆင်းစစ်ဆေးခြင်း
(၂၅.၈.၂၀၂၀) ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီးအစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ တာဝန်ရှိသူများသည် လက်ပံတန်းမြို့နယ်အစားအသောက်နှင့်ဆေးဝါးကြီးကြပ်ကွပ်ကဲရေး ကော်မတီ အဖွဲ့ဝင်များနှင့်အတူ လက်ပံတန်းမြို့နယ်အတွင်းရှိ ဆေးဆိုင်များကို ကွင်းဆင်း စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။ ဆေးဆိုင်များစစ်ဆေးရာတွင် ဆေးဝါးရောင်းချခွင့် လိုင်စင်ရှိ/မရှိ ၊ အများပြည်သူများ သုံးစွဲနေရသော ဆေးဝါးများအရည်အသွေးပြည့်မှီကောင်းမွန် စေရေးအတွက် ကောင်းမွန်သော ဆေးဝါးရောင်းချမှုကျင့်စဉ် (Good Pharmacy Practice GPP) နှင့် အညီ ရောင်းချခြင်း ရှိ/ မရှိ၊ ဆေးဝါးများသိုလှောင်ရာတွင် ကောင်းမွန်သောဆေးဝါးသိုလှောင်မှု ကျင့်စဉ် (Good Storage Practice GSP) နှင့်အညီ သိုလှောင်ရောင်းချခြင်း ရှိ/ မရှိ ၊ ဆေးဆိုင် လိုင်စင်ပါစည်းကမ်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်ရန် စစ်ဆေးဆောင်ရွက်ခဲ့ပြီး ဈေးကွက် အတွင်းရောင်းချနေသော ဆေးဝါး၊ ဆေးပစ္စည်းနှင့် အလှကုန်များကို အရည်အသွေးပြည့်မီခြင်း ရှိ/ မရှိ စစ်ဆေးရန် ဈေးကွက် နမူနာကောက်ယူခဲ့ပါသည်။