အလှကုန်ပစ္စည်းနှင့်ပတ်သက်သည့်သတိပေးချက်

ကျန်းမာရေးဝန်ကြီးဌာနသည် အရည်အသွေးစစ်မှန်ကောင်းမွန်၍ ထိရောက်သည့် အကျိုး အာနိသင်ရှိပြီး ကျန်းမာရေးအတွက် ဘေးအန္တရာယ်ကင်းရှင်းစေသော အလှကုန်ပစ္စည်းများကို အများ ပြည်သူတို့သုံးစွဲနိုင်ရန် စနစ်တကျကွပ်ကဲလျက်ရှိ ပါသည်။
မြန်မာနိုင်ငံ၊ ကျန်းမာရေးဝန်ကြီးဌာန၏အလှကုန်ပစ္စည်းဆိုင်ရာအမိန့်အမှတ် (၁/၂၀၁၀)နှင့် အညီ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတွင် မှတ်တမ်းတင်ထားခြင်းမရှိဘဲ ပြည်တွင်း ၌ ဈေးကွက်တင်ရောင်းချနေ‌ေသာ ဖော်ပြပါအလှကုန်ပစ္စည်း(၁၃)မျိုး၌ ကျန်းမာရေးအတွက် ဘေးအန္တရာယ်ဖြစ်စေနိုင်သည့် တားမြစ်ဓါတုပစ္စည်းများပါဝင်နေကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် သုံးစွဲရန်မသင့်တော်ကြောင်း အများပြည်သူလူထုအား အသိပေးနှိုးဆော်ကြေညာခဲ့ပြီးဖြစ်ပါသည်။
သို့ဖြစ်ပါ၍ အဆိုပါအလှကုန်ပစ္စည်းများကို အများပြည်သူလူထု သုံးစွဲခြင်းမပြုကြရန်နှင့် တင်သွင်း၊ ဖြန့်ဖြူးရောင်းချမှုများကိုတွေ့ရှိပါက ပြည်သူ့ကျန်းမာရေးဆိုင်ရာဥပဒေအရ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထပ်မံအသိပေး ကြေညာအပ်ပါသည်။

စဉ် အလှကုန်ပစ္စည်းအမည် ထုတ်လုပ်သည့်ကုမ္ပဏီ တားမြစ်ဓါတုပစ္စည်းပါဝင်မှု
၁။ Mellano – Cream No.1 Ornets (Thailand) Co., Ltd., Thailand Mercury
၂။ Mellano – Night Cream No.2 Ornets (Thailand) Co., Ltd., Thailand Hydroquinone
၃။ Mellano – Facial Nourishing Cream No.3 Ornets (Thailand) Co., Ltd., Thailand Betamethasone 17- Valerate
၄။ Polla Platinum – Crystal White Nourishing Face Cream Made in Thailand Mercury
၅။ Polla Gold – Super White Perfects Cream Made in Thailand Betamethasone 17- Valerate
၆။ Polla – Anti-Melasma Cream (New Night Cream) Made in Thailand Hydroquinone
၇။ Baschi – Day Cream (Whitening Cream) Jiao Nuo Cosmetics Co., Ltd. Thailand Retinoic Acid Mercury
၈။ Baschi – Night Cream (Whitening Cream) Jiao Nuo Cosmetics Co., Ltd., Thailand Retinoic Acid
၉။ Baschi – Day Cream (WhiteningCream) Jiao Nuo Cosmetics Co., Ltd., China Retinoic Acid
၁၀။ Tree 3 Days – Brighten & Rewhiten Cream Treeday (Thailand) Co., Ltd., Bangkok Hydroquinone
၁၁။ PW – Banishing Cream PW Cosmetics Tokyo, Japan Hydroquinone
၁၂။ LAY NOW – Whitening Night Cream Made in Thailand Hydroquinone
၁၃။ Dr. JAPAN Skin Lightening Complex Nano Green Tea Active Extra Whitening & Face Lift ထိုင်း(ယိုးဒယား)ဘာသာ စာသားများဖြင့် ဖော်ပြထားပါသည်။ Mercury

ကျန်းမာရေးဝန်ကြီးဌာန

14 thoughts on “အလှကုန်ပစ္စည်းနှင့်ပတ်သက်သည့်သတိပေးချက်

Leave a Reply

Your email address will not be published.