စားသုံးရန်မသင့်သောအစားသောက်များနှင့်ပတ်သက်၍ အများပြည်သူသိရှိရန် အသိပေးကြေညာချက်
မြန်မာ့အလင်း ( စနေ၊ ဖေဖော်ဝါရီ ၂၁၊ ၂၀၁၅ )
ကျန်းမာရေးဝန်ကြီးဌာနသည် အရည်အသွေးစစ်မှန်ကောင်းမွန်ပြီး ဘေးအန္တရာယ်ကင်းရှင်းသော အစားအသောက်များကို အများပြည်သူတို့စားသုံးနိုင်ရန် စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိသည်။
ဈေးကွက်များတွင် ရောင်းချလျက်ရှိသော အစားအသောက်များကို ဈေးများ၊ ကျောင်းမုန့်ဈေးတန်းများမှ ဝယ်ယူစစ်ဆေးရာ အောက်ဖော်ပြပါ အမှတ်တံဆိပ်များဖြင့် ထုတ်လုပ်သော အစားအသောက်များ၌ သုံးစွဲရန် ခွင့်မပြုသော ဆိုးဆေးများပါဝင်ခြင်းကြောင့် စားသုံးရန်မသင့်သော အစားအသောက်များဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။
အစားအသောက်ထုတ်လုပ်၊ ဖြန့်ဖြူး၊ ရောင်းချသူများသည် အစားအသောက်တွင် သုံးစွဲရန် ခွင့်မပြုသောဓာတုဆိုးဆေးများကို လုံးဝအသုံးမပြုရန်နှင့် လိုက်နာဆောင်ရွက်ခြင်းမရှိပါက အမျိုးသားအစားအသောက် ဥပဒေပုဒ်မ ၂၈(က)အရ တရားစွဲဆိုအရေးယူမည်ဖြစ်ကြောင်း သတိပေးအပ်ပါသည်။
အမှတ်တံဆိပ်နှင့် အစားအသောက်အမျိုးအစားများ
| စဉ် | အစားအသောက်အမျိုးအစား | အမှတ်တံဆိပ် | ခွင့်မပြုဆိုးဆေးပါဝင်မှု့ |
|---|---|---|---|
| ၁။ | ရောင်စုံတုတ်ထိုးချိုချဉ် | အမှတ်တံဆိပ်မပါ | Rhodamine B |
| ၂။ | ဆိတ်ပေါင်သားခြောက်ကြော် | ရွှေ | Orange II |
| ၃။ | Snack(ကြက်သားရေညှိအရသာ) | YOUSNACKS(ယူစနက်) | Rhodamine B |
| ၄။ | ရောင်စုံဝေဖာလုံး | F4 | Rhodamine B |
| ၅။ | ကပ်စေးနှဲပြား | အောင် | Rhodamine B |
| ၆။ | သီးသီးပေါင်း | မျိုးမျိုးကျော် | Orange II |
| ၇။ | ဗီတာမင်ဝေဖာ | ချစ်ချစ် | Rhodamine B |
| ၈။ | ကပ်စေးနှဲချောင်း | Pyae Wa | Rhodamine B |
| ၉။ | လက်ဖက်နှင့်အကြော်စုံ | ပလောင်မောင်နှမ | Auramin O |
| ၁၀။ | ပဲငပိ | ရွှေပဲငပိ | Rhodamine B |
| ၁၁။ | ရခိုင်မျှင်ငပိထောင်း | စိန်တစ်လုံး | Rhodamine B |
| ၁၂။ | မက်မန်းသီး | အိုကေ | Sudan III |

ကျန်းမာရေးဝန်ကြီးဌာန
