စားသုံးရန်မသင့်သော အစားအသောက်များနှင့်ပတ်သက်၍ အများပြည်သူသိရှိရန် အသိပေးကြေညာချက်
ကြေးမုံ ( နိုဝင်ဘာ ၁၊ ၂၀၁၄ )
ကျန်းမာရေးဝန်ကြီးဌာနသည် အရည်အသွေးစစ်မှန်ကောင်းမွန်ပြီးဘေးအန္တရာယ်ကင်းရှင်းသော အစားအသောက်များကို အများပြည်သူတို့စားသုံးနိုင်ရန် စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိသည်။
ဈေးကွက်များတွင်ရောင်းချလျက်ရှိသော အစားအသောက်များကို ဈေးများ၊ ကျောင်းမုန့်ဈေးတန်းများမှ ဝယ်ယူစစ်ဆေးရာ အောက်ဖော်ပြပါအမှတ်တံဆိပ်များဖြင့် ထုတ်လုပ်သော အစားအသောက်များ၌သုံးစွဲရန်ခွင့်မပြုသော ဆိုးဆေးများပါဝင်ခြင်းကြောင့် စားသုံးရန်မသင့်သော အစားအသောက်များဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။
အစားအသောက်ထုတ်လုပ်၊ ဖြန့်ဖြူး၊ ရောင်းချသူများသည် အစားအသောက်တွင် သုံးစွဲရန်ခွင့်မပြုသော ဓာတုဆိုးဆေးများကို လုံးဝအသုံးမပြုရန်နှင့် လိုက်နာဆောင်ရွက်ခြင်းမရှိပါက အမျိုးသားအစားအသောက်ဥပဒေပုဒ်မ ၂၈(က)အရ တရားစွဲဆိုအရေးယူမည်ဖြစ်ကြောင်း သတိပေးအပ်ပါသည်။
အမှတ်တံဆိပ်နှင့် အစားအသောက်အမျိုးအစားများ
စဉ် | အစားအသောက်အမျိုးအစား | အမှတ်တံဆိပ် | ခွင့်မပြုဆိုးဆေးပါဝင်မှု့ |
---|---|---|---|
၁။ | ဝေဖာမုန့်ထုပ် | 5 Star | Rhodamine B |
၂။ | ရောင်စုံဝေဖာချောင်း | အမှတ်တံဆိပ်မပါ | Rhodamine B |
၃။ | ရောင်စုံဝေဖာလုံး | ကောင်းစံ | Rhodamine B |
၄။ | ကြံညောင်းစေးပြား(အနီ) | ပြည့်၀-မုန့်မျိုးစုံ | Rhodamine B |
၅။ | ရောင်စုံချိုချဉ်အကျား(တုတ်ထိုးချိုချဉ်) | အမှတ်တံဆိပ်မပါ | Rhodamine B |
၆။ | ငရုပ်သီးပုံတုတ်ထိုးချိုချဉ် | အမှတ်တံဆိပ်မပါ | Rhodamine B |
၇။ | ဆီးတော်ဖီ | ကောင်းထက်ကျော် | Rhodamine B |
၈။ | အချိုရည်(ပလပ်စတစ်ခွက်ဘူး) | Good Taste | Rhodamine B |
ကျန်းမာရေးဝန်ကြီးဌာန