စားသုံးရန်မသင့်သော အစားအသောက်များနှင့်ပတ်သက်၍ အများပြည်သူသိရှိရန် အသိပေးကြေညာချက်
ကြေးမုံ ( နိုဝင်ဘာ ၁၊ ၂၀၁၄ )
ကျန်းမာရေးဝန်ကြီးဌာနသည် အရည်အသွေးစစ်မှန်ကောင်းမွန်ပြီးဘေးအန္တရာယ်ကင်းရှင်းသော အစားအသောက်များကို အများပြည်သူတို့စားသုံးနိုင်ရန် စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိသည်။
ဈေးကွက်များတွင်ရောင်းချလျက်ရှိသော အစားအသောက်များကို ဈေးများ၊ ကျောင်းမုန့်ဈေးတန်းများမှ ဝယ်ယူစစ်ဆေးရာ အောက်ဖော်ပြပါအမှတ်တံဆိပ်များဖြင့် ထုတ်လုပ်သော အစားအသောက်များ၌သုံးစွဲရန်ခွင့်မပြုသော ဆိုးဆေးများပါဝင်ခြင်းကြောင့် စားသုံးရန်မသင့်သော အစားအသောက်များဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။
အစားအသောက်ထုတ်လုပ်၊ ဖြန့်ဖြူး၊ ရောင်းချသူများသည် အစားအသောက်တွင် သုံးစွဲရန်ခွင့်မပြုသော ဓာတုဆိုးဆေးများကို လုံးဝအသုံးမပြုရန်နှင့် လိုက်နာဆောင်ရွက်ခြင်းမရှိပါက အမျိုးသားအစားအသောက်ဥပဒေပုဒ်မ ၂၈(က)အရ တရားစွဲဆိုအရေးယူမည်ဖြစ်ကြောင်း သတိပေးအပ်ပါသည်။
အမှတ်တံဆိပ်နှင့် အစားအသောက်အမျိုးအစားများ
| စဉ် | အစားအသောက်အမျိုးအစား | အမှတ်တံဆိပ် | ခွင့်မပြုဆိုးဆေးပါဝင်မှု့ |
|---|---|---|---|
| ၁။ | ဝေဖာမုန့်ထုပ် | 5 Star | Rhodamine B |
| ၂။ | ရောင်စုံဝေဖာချောင်း | အမှတ်တံဆိပ်မပါ | Rhodamine B |
| ၃။ | ရောင်စုံဝေဖာလုံး | ကောင်းစံ | Rhodamine B |
| ၄။ | ကြံညောင်းစေးပြား(အနီ) | ပြည့်၀-မုန့်မျိုးစုံ | Rhodamine B |
| ၅။ | ရောင်စုံချိုချဉ်အကျား(တုတ်ထိုးချိုချဉ်) | အမှတ်တံဆိပ်မပါ | Rhodamine B |
| ၆။ | ငရုပ်သီးပုံတုတ်ထိုးချိုချဉ် | အမှတ်တံဆိပ်မပါ | Rhodamine B |
| ၇။ | ဆီးတော်ဖီ | ကောင်းထက်ကျော် | Rhodamine B |
| ၈။ | အချိုရည်(ပလပ်စတစ်ခွက်ဘူး) | Good Taste | Rhodamine B |
ကျန်းမာရေးဝန်ကြီးဌာန
