ပြည်ထောင်စုဝန်ကြီး၏ ဖိတ်ကြားမှုဖြင့် စားသုံးသူရေးရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြခြင်းအခမ်းအနားသို့ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာခင်ဇော်ဦးဆောင်သောအဖွဲ့တက်ရောက်
၂၀၂၀ ပြည့်နှစ် ဩဂုတ်လ(၂၀)ရက်နေ့၊နေပြည်တော်၊ ရုံးအမှတ်(၄)။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ဖိတ်ကြားမှုဖြင့် စားသုံးသူရေးရာဦးစီးဌာနမှ စားသုံးသူရေးရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆောင်ရွက်လျက်ရှိသောလုပ်ငန်းများအား စားသုံးသူရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့်တာဝန်ရှိသူများမှ ရှင်းလင်းတင်ပြခြင်းအား
နေပြည်တော်၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဝန်ကြီးရုံးတွင် ကျင်းပပြုလုပ်ခဲ့ရာပြည်ထောင်စုဝန်ကြီးမှအဖွင့်အမှာစကားပြောကြားခဲ့ပြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး၊အမြဲတမ်းအတွင်းဝန်၊ညွှန်ကြားရေးမှူးချုပ်များနှင့် ဝာာဝန်ရှိသူများတက်ရောက်ခဲ့ပါသည်။
အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူး ချုပ်များ နှင့် ညွှန်ကြားရေးမှူးများ တက်ရောက်ခဲ့ရာတွင်
ညွှန်ကြားရေးမှူးချုပ်ပါမောက္ခဒေါက်တာခင်ဇော်မှ စားသုံးသူရေးရာနှင့် ယခင်ထဲကပူးပေါင်း၍ Post market surveillance ကိစ္စကဲ့သို့ FDA ၏ လုပ်ငန်းဆောင်ရွက်ချက်အများစုတွင်အဖွဲ့ဝင်အဖြစ် ပါဝင်ဆောင်ရွက်လျက်ပါကြောင်းနှင်း အမှတ်တံဆိပ်ကပ်နှိပ်ခြင်းနှင့်ပတ်သက်၍လည်း ဥပဒေမထွက်ရှိမီကတည်းက ဆွေးနွေးခြင်း၊ အပြန်အလှန်ညှိနိုင်းခြင်းများရှိပါကြောင်း၊
စားသုံးဆီများအား ရောနှော၍ ဈေးကွက်တွင်းရောင်းချမှုများနှင့်ပတ်သက်၍ မေးမြန်းမှုအပေါ်FDA၏ ဆောင်ရွက်နေမှုများတွင် ရောနှောမှုပမာဏသတ်မှတ်ချက်များအား ရှင်းလင်းတင်ပြခြင်းနှင့်
ဖော်ပြချက်များနားလည်လွယ်၍ရှုပ်ထွေးခြင်း မရှိအောင် ထုတ်လုပ်/တင်ပို့သူများအားလိုက်နာစေရန်ကြပ်မတ်ဆောင်ရွက်ခြင်းတို့အားရှင်းလင်းတင်ပြခဲ့ပြီး
ဒုတိယညွှန်ကြားရေးမှူးချုပ်( ရုံးချုပ်)၊ဒုတိယညွှန်ကြားရေးမှူးချုပ် (တိုင်းဒေသကြီး/ပြည်နယ်)တို့မှFDA၏ ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများတွင် စားသုံးသူရေးရာဦးစီးဌာနနှင့် ပူးပေါင်းဆောင်ရွက်ခဲ့မှူများ၊ ထိုသို့ပူးပေါင်းဆောင်ရွက်ရာတွင် အတွေ့အကြုံများနှင့် ဈေးကွက်ထောက်လှမ်းစစ်ဆေးရာတွင် DOCA ၏ဆောင်ရွက်နေမှုများနှင့်ပတ်သတ်၍ သိရှိလိုသည်များအားမေးမြန်းခဲ့ပါသည်။
အစားအသောက်ဌာနခွဲ၏ ညွှန်ကြားရေးမှူး ဒေါက်တာ ဥမ္မာစိုးဝင်းမှ အမှတ်တံဆိပ်ဖော်ပြခြင်းနှင့်ပတ်သက်၍ကြီးကြပ်စိစစ်ရာတွင်တွင် မဖြစ်မနေဖော်ပြရမည့်အချက်များ၊ လိုအပ်ပါကဖော်ပြနိုင်သည့်အချက်များနှင့်လိုက်ရာရမည့်အချက်များနှင့်ပတ်သက်၍ အသုံးအနှုန်းများ၊ ရိုးရာ ဓလေ့အစားအသောက်များ၊ ချက်ပြုတ်သည့်ပုံစံ/”စတိုင်”၊ နေရာဒေသထွက်အစားအသောက်များ၊အနံ့အရသာထည့်သွင်းခြင်း၊ ဓာတ်မတည့်ခြင်းနှင့်ဓာတ်မတည့်မှုဖြစ်ပွားနိုင်သောပစ္စည်းပါဝင်မှု၊ ထုတ်လုပ်ခြင်းနှင့်တင်ပို့ခြင်းအတွက် ဖော်ပြချက်၊ အထောက်အထားနှင့်ထောက်ခံချက်များထည့်သွင်းဖော်ပြခြင်း စသည့် အစားအသောက်ဌာနခွဲ၏ လက်ရှိကျင့်သုံး ဆောင်ရွက်နေသည့် နိုင်ငံတကာ ကိုဒက်စံချိန်စံညွှန်းများအား ရှင်းလင်းတင်ပြခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီနှင့်ဒုတိယဝန်ကြီးမှဌာန၏ တင်ပြဆွေးနွေးခဲ့မှုများအပေါ် လမ်းညွှန်မှုများပြုခဲ့ပြီးအခမ်းအနားအားရုတ်သိမ်းခဲ့ပါသည်။