ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန တင်ဒါလက်ခံရေးနှင့်စိစစ်ရေးကော်မတီ၏ တင်ဒါစိစစ်ရွေးချယ်ခြင်းနှင့်ညှိနှိုင်းခြင်းအခမ်းအနားကျင်းပခြင်း

၂၀၂၀ပြည့်နှစ်၊ဩဂုတ်လ (၁၇) ရက်နေ့၊နေပြည်တော်။

(၂၀၁၉-၂၀၂၀ )ခု၊ ဘဏ္ဍာရေးနှစ်အတွက် ငွေလုံးငွေရင်းအသုံးစရိတ်ဖြင့် ရုံးသုံးစက်ပစ္စည်းများ၊ ဓါတ်ခွဲခန်းသုံးစက်ပစ္စည်းများဝယ်ယူခြင်းနှင့်အခြားအသုံးစရိတ်ခွင့်ပြုရန်ပုံငွေဖြင့်ဓါတ်ခွဲခန်းသုံးစက်ပစ္စည်းကိရိယာများ Calibration ပြုလုပ်ရန်အတွက် တင်ဒါလက်ခံရေးနှင့်စိစစ်ရေးကော်မတီ၏ တင်ဒါစိစစ်ရွေးချယ်ခြင်းနှင့်ညှိနှိုင်းခြင်းအခမ်းအနားအား နေပြည်တော် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (ရုံးချုပ်)၌ ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာခင်ဇော်နှင့် ကော်မတီအဖွဲ့ဝင်များတက်ရောက်၍ကျင်းပပြုလုပ်ခဲ့ပါသည်။