တိုင်းရင်းဆေးပညာဦးစီးဌာန သုတေသနဓာတ်ခွဲခန်း(နေပြည်တော်) သို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သွားရောက် ကြည့်ရှစစ်ဆေးခြင်း

၂၀၂၀ပြည့်နှစ်၊ သြဂုတ် လ၊ ၁၁ ရက်နေ့။ နေပြည်တော်။

တိုင်းရင်းဆေးပညာဦးစီးဌာန၊ နေပြည်တော် ရုံးချုပ်ရှိ သုတေသနဓာတ်ခွဲခန်းအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး ဦးဆောင်သောအဖွဲ့သည် နံနက် (၉:၃၀) အချိန် က လာရောက်ကြည့်ရှစစ်ဆေး၍ ဓာတ်ခွဲခန်းအားယခုထက်ပိုမိုကောင်းမွန်လာစေရန် လိုအပ်ချက်များအားလမ်းညွန်မူပြုခဲ့ပြီး လိုအပ်ချက်များဖြည့်ဆည်းပေးခဲ့ပါသည်။ အဆိုပါပွဲကို ဝန်ကြီးရုံး ညွန်ကြားရေးမှူးချုပ် ဒေါက်တာ သာထွန်းကျော်၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန တိုင်းရင်းဆေးပညာဦးစီးဌာန ပူးတွဲညွန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာခင်ဇော်၊ ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ညွန်ကြားရေးမှူးချုပ်ဒေါက်တာစိုးဦး ၊ တိုင်းရင်းဆေးပညာဦးစီးဌာန ဒုတိယညွန်ကြားရေးမှူးချုပ် ဒေါက်တာသံလွင်ထွန်း၊ ဒုတိယညွန်ကြားရေးမှူးချုပ် ဒေါက်တာတင်တင်မိုး၊ ညွန်ကြားရေးမှူးများ ၊ တာဝန်ရှိပုဂ္ဂိုလ်များတက်ရောက်ခဲ့ကြပါသည်။