မြန်မာနိုင်ငံ အစားအသောက်နှင့်ဆေးဝါးအာဏာပိုင်အဖွဲ့ (၂/၂၀၂၀) အစည်းအဝေးသို့ ညွန်ကြားရေးမှူးချုပ် တက်ရောက်ခြင်း

၂၀၂၀ပြည့်နှစ်၊ သြဂုတ် လ၊ ၁၀ ရက်နေ့။

အဆိုပါအစည်းအဝေးကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဝန်ကြီးရုံး ရုံးအမှတ်(၄) တွင် မွန်းလွဲ (၁:၀၀)အချိန်က ကျင်းပပြုလုပ်ခဲ့ရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ညွန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာခင်ဇော်မှ မြန်မာနိုင်ငံ အစားအသောက်နှင့်ဆေးဝါးအာဏာပိုင်အဖွဲ့ (၁/၂၀၂၀) အစည်းအဝေး၏ ဆောင်ရွက်ပြီးစီးမှုများကို တင်ပြ အတည်ပြုချက်ရယူခြင်း၊ သက်ဆိုင်ရာ အစားအသောက်၊ဆေးဝါး၊ဆေးပစ္စည်း/အလှကုန်နှင့် လူသုံးကုန်ဆိုင်ရာ ကိစ္စရပ်များအပေါ် ရှင်းလင်းတင်ပြခြင်း၊ ဖြည့်စွက်စာများတင်သွင်း မှတ်ပုံတင်ခြင်းကိစ္စ၊ online များတွင်တရားမဝင် ရောင်းချနေသော ဖြည့်စွက်စာများကိစ္စ တင်ပြခြင်း၊ စျေးကွက် ထောက်လှမ်းရေးဌာနခွဲမှ ညွန်ကြားရေးမှူးမှ အစားအသောက်၊ဆေးဝါး၊ဆေးပစ္စည်း/အလှကုန်နှင့် လူသုံးကုန်ဆိုင်ရာ ထိန်းချုပ်ရေးကိစ္စများအပေါ် ရှင်းလင်းတင်ပြခြင်းများဆောင်ရွက်ခဲ့ရာ ပြည်ထောင်စုဝန်ကြီးမှ လိုအပ်သည်များ လမ်းညွန်မူပြုခဲ့ပါသည်။ အဆိုပါ အစည်းအဝေးကို ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာခင်ဇော်၊ ပြည့်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန ဒေါက်တာစိုးဦး၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဒေါက်တာတင်တင်လေး၊ သက်ဆိုင်ရာ နှီးနွယ် ဝန်ကြီးဌာနများမှ ညွန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွန်ကြားရေးမှူးချုပ်များ၊ ညွန်ကြားရေးမှူးများ တက်ရောက်ခဲ့ကြပါသည်။