စားသုံးရန်မသင့်သောအစားအသောက်များနှင့်ပတ်သက်၍အများပြည်သူသိရှိရန် အသိပေးကြေညာချက်
မြန်မာ့အလင်း ( တနင်္လာ၊ အောက်တိုဘာ ၁၃၊ ၂၀၁၄ )
ကျန်းမာရေးဝန်ကြီးဌာနသည် အရည်အသွေးစစ်မှန်ကောင်းမွန်ပြီး ဘေးအန္တရာယ်ကင်းရှင်းသော အစားအသောက်များကို အများပြည်သူတို့ စားသုံးနိုင်ရန် စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိသည်။
ဈေးကွက်များတွင် ရောင်းချလျက်ရှိသော အစားအသောက်များကို ဈေးများ၊ ကျောင်းမုန့်ဈေးတန်းများမှ ဝယ်ယူစစ်ဆေးရာ အောက်ဖော်ပြပါ အမှတ်တံဆိပ်များဖြင့် ထုတ်လုပ်သော အစားအသောက်များ၌ သုံးစွဲရန်မသင့်သော အစားအသောက်များဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။
အစားအသောက် ထုတ်လုပ်၊ ဖြန့်ဖြူး၊ ရောင်းချသူများသည် အစားအသောက်တွင်သုံးစွဲရန် ခွင့်မပြုသော ဓာတုဆိုးဆေးများကို လုံးဝအသုံးမပြုရန်နှင့် လိုက်နာဆောင်ရွက်ခြင်းမရှိပါက အမျိုးသားအစားအသောက်ဥပဒေပုဒ်မ ၂၈(က)အရ တရားစွဲဆိုအရေးယူမည်ဖြစ်ကြောင်း သတိပေးအပ်ပါသည်။
အမှတ်တံဆိပ်နှင့် အစားအသောက်အမျိုးအစားများ
| စဉ် | အစားအသောက်အမျိုးအစား | အမှတ်တံဆိပ် | ခွင့်မပြုဆိုးဆေးပါဝင်မှု့ |
|---|---|---|---|
| ၁။ | ဝေဖာချောင်း | အမှတ်တံဆိပ်မပါ | Rhodamine ‘B’ |
| ၂။ | ငါးပိ | ဝင်းသန်း | Rhodamine ‘B’ |
| ၃။ | ရှယ်ပုစွန်ငါးပိ | ဝင်းသန်း | Rhodamine ‘B’ |
| ၄။ | ဝေဖာလုံး(ရောင်စုံ) | အမှတ်တံဆိပ်မပါ | Rhodamine ‘B’ |
| ၅။ | ဝေဖာချောင်း(ရောင်စုံ) | အမှတ်တံဆိပ်မပါ | Rhodamine ‘B’ |
| ၆။ | ဂျယ်လီ(ပန်းရောင်) | အမှတ်တံဆိပ်မပါ | Rhodamine ‘B’ |
| ၇။ | ရောင်စုံစပ်ကြားချိုချဉ်ပြား | အမှတ်တံဆိပ်မပါ | Rhodamine ‘B’ |
| ၈။ | ချိုချဉ်ပြား(လိမ္မော်) | ဝမ်းဝမ်း | Rhodamine ‘B’ |
| ၉။ | ချိုချဉ်ပြား(အစိမ်း) | ဝမ်းဝမ်း | Auramine‘O’ |
| ၁၀။ | ရောင်စုံ(ဝေဖာချောင်း) | အမှတ်တံဆိပ်မပါ | Rhodamine ‘B’ |
| ၁၁။ | ငရုတ်သီးပုံ ချိုချဉ်ချောင်း | အမှတ်တံဆိပ်မပါ | Rhodamine ‘B’ |
| ၁၂။ | ကပ်စေးချိုချဉ် (အာနီလျှာနီ) | အမှတ်တံဆိပ်မပါ | Rhodamine ‘B’ |
| ၁၃။ | တုတ်ထိုးချိုချဉ် | အမှတ်တံဆိပ်မပါ | Rhodamine ‘B’ |
| ၁၄။ | ရောင်စုံဝေဖာ | Angry Bird ရုပ်ပုံပါ | Rhodamine ‘B’ |
| ၁၅။ | ငရုတ်သီးအရောင်တင်မှုန့် | ဘုရင် | Sudan III |
| ၁၆။ | ငရုတ်သီးအရောင်တင်မှုန့် | ကံ့ကော် | Rhodamine ‘B’ |
| ၁၇။ | ငရုတ်သီးအရောင်တင်မှုန့် | ရွှေဝါဝင်း | Sudan III |
| ၁၈။ | ကပ်စေးနှဲ | အမှတ်တံဆိပ်မပါ | Rhodamine ‘B’ |
| ၁၉။ | ဝေဖာလုံးအသေး | ကောင်းမှကောင်း | Rhodamine ‘B’ |
