အမြန်လမ်းယာဉ်ရပ်နားစခန်း (၃၉မိုင်နှင့် ၇၆မိုင်)တွင် (Mobile Lab Van) ဖြင့် ဈေးကွက်နမူနာ ကောက်ယူစစ်ဆေးခြင်း

(၆.၈.၂၀၂၀) ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီးအစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီး ဌာနမှတာဝန်ရှိသူများသည် သက်ဆိုင်ရာမြို့နယ်အစားအသောက်နှင့်ဆေးဝါးကြီးကြပ်ကွပ်ကဲရေး ကော်မတီအဖွဲ့ဝင်များနှင့်အတူပူးပေါင်း၍ အမြန်လမ်းယာဉ်ရပ်နားစခန်း (၃၉) မိုင်နှင့် (၇၆) မိုင်တို့ရှိ စားသောက်ဆိုင်များအား ရှောင်တခင်ကွင်းဆင်းစစ်ဆေးပြီး အစားအသောက် နမူနာ(၂၂) မျိုးအား ကျပမ်းဈေးကွက်နမူနာကောက်ယူ၍ နမူနာ(၁၈) မျိုးအား ရွေ့လျားဓါတ်ခွဲယာဉ် (Mobile Lab Van) ပေါ်တွင် ချက်ချင်းစစ်ဆေးအဖြေထုတ်ခြင်းများဆောင်ရွက်ခဲ့ရာ ခွင့်မပြုဓာတုတာရှည်ခံဆေးများ ပါဝင်ခြင်းမရှိကြောင်းစစ်ဆေးတွေ့ရှိရပြီး ကျန်အစားအသောက်နမူနာ (၄) မျိုးအား ခွင့်မပြုဓာတု ဆိုးဆေးများ ပါဝင်မှု ရှိ/ မရှိ သိရှိနိုင်ရန် ပဲခူးတိုင်းဒေသကြီးအစားအသောက်နှင့်ဆေးဝါးကွပ်ကဲ ရေးဦးစီးဌာန၊ ဓါတ်ခွဲခန်းတွင်ဆက်လက် စစ်ဆေးလျက်ရှိပါသည်။

ပဲခူးတိုင်းဒေသကြီးအစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန