စားသုံးရန်မသင့်သော အစားအသောက်နှင့် ပတ်သက်၍ အများပြည်သူ သိရှိရန် အသိပေးကြေညာချက်
မြန်မာ့အလင်း ( ဗုဒ္ဓဟူး၊ သြဂုတ် ၆၊ ၂၀၁၄ )
ကျန်းမာရေးဝန်ကြီးဌာနသည် အရည်အသွေး စစ်မှန်ကောင်းမွန်ပြီး ဘေးအန္တရာယ်ကင်းရှင်းသော အစားအသောက်များကို အများပြည်သူတို့စားသုံးနိုင်ရန် စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိသည်။
ကျောင်းမုန့်ဈေးတန်းများတွင် ရောင်းချလျက်ရှိသော အစားအသောက်များကို ကောက်ယူစစ်ဆေးရာ အောက်ဖော်ပြပါအမှတ်တံဆိပ်ဖြင့် ထုတ်လုပ်သောအစားအသောက်၌ သုံးစွဲရန်ခွင့်မပြုသော ဆိုးဆေးပါဝင်ခြင်းကြောင့် စားသုံးရန် မသင့်သော အစားအသောက်ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။
အစားအသာက်ထုတ်လုပ်၊ ဖြန့်ဖြူး၊ ရောင်းချသူများသည် အစားအသောက်တွင် သုံးစွဲရန်ခွင့်မပြုသော ဓာတုဆိုးဆေးများကို လုံးဝအသုံးမပြုရန်နှင့် လိုက်နာဆောင်ရွက်ခြင်း မရှိပါက အမျိုးသား အစားသောက်ဥပဒေပုဒ်မ ၂၈(က) အရတရားစွဲဆိုအရေးယူမည်ဖြစ်ကြောင်း သတိပေးအပ်ပါသည်။
အမှတ်တံဆိပ်နှင့် အစားသောက်အမျိုးအစားများ
| စဉ် | အစားအသောက်အမည် | အမှတ်တံဆိပ် | ဆိုးဆေးပါဝင်မှု့ |
|---|---|---|---|
| ၁။ | ပန်းပွင့်ပုံဝေဖာ | မပါ | Rhodamine B |
ကျန်းမာရေးဝန်ကြီးဌာန
