Laboratory Management Review Meeting ကျင်းပပြုလုပ်ခြင်း

၂၀၂၀ပြည့်နှစ်၊ ဩဂုတ်လ ၆ ရက်နေ့၊ နေပြည်တော်။

ပြည်သူများစားသောက်သုံးစွဲလျှက်ရှိသော အစားအသောက်၊ဆေးဝါး၊ဆေးပစ္စည်း/အလှကုန်နှင့် လူသုံးကုန်ပစ္စည်းများ ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် အရည်အသွေးပြည့်မှီရေးအတွက် ဓာတ်ခွဲစစ်ဆေးခြင်း ဆောင်ရွက်ရာတွင် နိုင်ငံတကာအဆင့်မှီ အသိအမှတ်ပြု (ISO)ဓာတ်ခွဲခန်းများအနေဖြင့် တိကျ၍မှန်ကန်သောဓာတ်ခွဲအဖြေများရရှိနိုင်ရေးအတွက် သက်ဆိုင်ရာ ISO ရရှိပြီး ဓာတ်ခွဲများ၏ PT program များ၊ ဓာတ်ခွဲစက်ပစ္စည်းများ၏ performance နှင့်ပတ်သက်၍ ဆောင်ရွက်ထားရှိမှုနှင့် calibration ဆောင်ရွက်ခြင်းကိစ္စရပ်များ၊ ပြင်ဆင်ရန်အချက်များ နှင့် လိုအပ်ချက်များအပေါ် သက်ဆိုင်ရာတာဝန်ခံနှင့် မန်နေဂျာများနှင့် လုပ်ငန်းဆောင်ရွက်ချက်ရှိသော ဝန်ထမ်းများမှ အသီးသီးတင်ပြလာမှုများအပေါ် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးညွှန်ကြားရေးမှုးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ညွှန်ကြားရေးမှူး(စီမံ)တို့ မှ ညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။
ဆက်လက်၍ ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များအတွက် ဝန်ထမ်းအင်အား၊ ဝန်ထမ်းများအရည်အသွေးမြှင့်တင်ရေးနှင့် ဓာတ်ခွဲစစ်ဆေးခြင်းဆိုင်ရာကိစ္စရပ်များဆောင်ရွက်ရာတွင် အခက်အခဲမရှိစေရေးအတွက် လိုအပ်ချက်များ၊ ကြိုတင်ဆောင်ရွက်ထားရမည့်ကိစ္စရပ်များအားညွှန်ကြားရေးမှူးချုပ်ပါမောက္ခ ဒေါက်တာခင်ဇော်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များမှ လိုအပ်ချက်များဖြည့်ဆည်းပေးနိုင်ရေးနှင့်ပတ်သတ်၍ လမ်းညွှန်မှုပြုခဲ့ပါသည်။