လွှတ်တော်များ၏ ပထမပုံမှန် အစည်းအဝေးမှ (၁၆) ကြိမ်မြောက်ပုံမှန် အစည်းအဝေးထိ ကတိဖြစ်ပေါ်ခဲ့သည့် မေးခွန်းများနှင့်စပ်လျဉ်း၍ ညှိနှိုင်းအစည်းအဝေးသို့ ညွန်ကြားရေးမှူးချုပ်တက်ရောက်ခြင်း
၂၀၂၀ပြည့်နှစ်၊ သြဂုတ် လ၊ ၅ ရက်နေ့။
အဆိုပါအစည်းအဝေးကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဝန်ကြီးရုံး ရုံးအမှတ်(၄)တွင် မွန်းလွဲ(၃:၀၀)အချိန်၌ ကျင်းပပြုလုပ်ခဲ့ရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ အမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်တာ သက်ခိုင်ဝင်း၊ဝန်ကြီးရုံးညွန်ကြားရေးမှူးချုပ် ဒေါက်တာ သာထွန်းကျော်၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန ပူးတွဲညွန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာခင်ဇော်၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဒေါက်တာ တင်တင်လေး၊ ဒုတိယညွန်ကြားရေးမှူးချုပ်များ၊ ညွန်ကြားရေးမှူးများ၊ တာဝန်ရှိသူများမှတက်ရောက် ရှင်းလင်း ဆွေးနွေးခဲ့ကြပါသည်။